Human Rights

Season 2 Episdoe 8: လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍ

Season 2 Episode 8: လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍ (အပိုင်း ၁) အားလုံးပဲ အဓိကာရ ပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ အချို့ အခက်အခဲတွေကြောင့် ခဏတာ နားခဲ့ရတဲ့ လူ့အခွင့်အရေးပေါ့ကတ်ကို ဒီတပတ်မှာ ပြန်လည် ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်။ ဒီတပတ် အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၈ (Season 2, Episode 08) မှာ ဖိတ်ကြားထားသူကတော့ မြန်မာနိုင်ငံ Reuters သတင်းထောက်တဦးလည်းဖြစ်၊ သတင်းသမားသုတေသီတဦးလည်းဖြစ်တဲ့ မသူသူအောင် ဖြစ်ပါတယ်။…

Season 2 Episode 7: လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကား

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကား (အပိုင်း ၁) အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုပါတယ်။​ ဒီတပတ်မှာတော့ အဓိကာရပေါ့ကတ်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကားဆိုတဲ့ အကြောင်းကို ဆွေးနွေးဖို့ ရွေးချယ်ထားပါတယ်။ ဒီအကြောင်းလာရောက်ဆွေးနွေးသူကတော့ လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းနေသူ ဆရာမ ငြိမ်း ဖြစ်ပါတယ်။ ဒီတပတ် အပိုင်း(၁) မှာ ဆရာမငြိမ်းနဲ့ အဓိကာရတို့ ဆွေးနွေးထားတာကတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လူ့ဂုဏ်သိက္ခာ၊ ဘယ်လိုရပိုင်ခွင့်တွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ထဲမှာ အကျုံးဝင်လဲ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ ဘာကြောင့်မို့ အရေးကြီးတာလဲ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကားဟာ ဘယ်လိုကွာခြားလဲ စတဲ့ အကြောင်းအရာတွေပဲ…

Season 2 Episode 6 : အမုန်းစကားနဲ့ သတင်းတု/သတင်းမှားများ

Season 2 Episode 6 : အမုန်းစကားနဲ့ သတင်းတု/သတင်းမှားများ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ရဲ့ Episode 6 ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီအပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အစဥ်တစိုက် အရေးတကြီး ကိစ္စတရပ်ဖြစ်ခဲ့တဲ့ အမုန်းစကားနဲ့ သတင်းတု/သတင်းမှားတွေ အကြောင်းကို ဆွေးနွေးထားပါတယ်။ ဒီအပိုင်းမှာ အဓိကာရကို လာရောက်ဆွေးနွေးပေးသူကတော့ အမုန်းစကားနဲ့ သတင်းတု/မှားတွေကို စောင့်ကြည့်လေ့လာနေသူ သုတေသီတဦးဖြစ်တဲ့ မ Grace ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးမှုမှာ မ Grace က အမုန်းစကားဆိုတာဘာလဲ၊ မြန်မာနိုင်ငံမှာ တွေ့ရများတဲ့…

Season 2 Episode 5 : လူမှုမီဒီယာကို နားလည်ခြင်း

လူမှုမီဒီယာကို နားလည်ခြင်း (အပိုင်း ၁) ဒီတပတ် အဓိကာရလူ့အခွင့်အရေးပေါ့ကတ် Episode 5 မှာတော့ နောက်ထပ်ခေါင်းစဥ်အသစ် တခုကို မိတ်ဆက်ဆွေးနွေးထားပါတယ်။ ဒီတပတ်အတွက်ခေါင်းစဥ်ကတော့ လူမှုမီဒီယာကို နားလည်ခြင်း (Understanding Social Media) ပဲ ဖြစ်ပါတယ်။ ဒီတပတ်မှာ လူမှုမီဒီယာသုတေသီတဦးဖြစ်တဲ့ ကိုကျော်ကြီး (သာကေတ)က လာရောက်ဆွေးနွေးထားပါတယ်။ ဒီတပတ် အပိုင်း ၁ မှာတော့ လူမှုမီဒီယာရဲ့ သဘောသဘာဝတွေက ဘာလဲ၊ သတင်းတုတွေ ထေ့လုံးလှိမ့်လုံးတွေကို မြန်မာနှင့် ကမ္ဘာမှာ လူတွေ ဘယ်လိုတုံ့ပြန်နေကြလဲ၊ ဒစ်ဂျစ်တယ်ကမ္ဘာပေါ်က ကိုယ်ရဲ့…

Season 2 Episode 4: နိုင်ငံသားဖြစ်ခွင့်

နိုင်ငံသားဖြစ်ခွင့် (အပိုင်း ၁) ဒီတပတ်မှာ ကျရောက်တဲ့ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ရဲ့ Season 2၊ Episode 4 မှာတော့ လူ့အခွင့်အရေးကြေညာစာတမ်းပါ ရပိုင်ခွင့်တခုဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့် (right to citizenship) ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့်အကြောင်းခေါင်းစဥ်နဲ့ ဆွေးနွေးချက် အပိုင်း ၁ မှာတော့ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်တဲ့ နိုင်ငံတကာစံနှုန်းတွေဟာ ဘာတွေရှိလဲ၊ ကမ္ဘာပေါ်မှာ နိုင်ငံမဲ့သူတွေများစွာရှိနေတာဟာ ဘာကြောင့်လဲ၊ လက်ရှိကမ္ဘာမှာ လူသားပေါင်းများစွာ နိုင်ငံမဲ့ဖြစ်စနေကြတဲ့ အခြေအနေတွေဟာ ဘယ်လိုရှိနေလဲ၊ နိုင်ငံမဲ့ဆိုတာဟာ နိုင်ငံမရှိတဲ့သူကို ဆိုလိုတာလား စတဲ့ အကြောင်းအရာတွေကို…

Season 2 Episode 3: လူမျိုးသုဥ်း/တုံး သတ်ဖြတ်မှု (ခ) ဂျီနိုဆိုက် Genocide

လူမျိုးသုဥ်း/တုံး သတ်ဖြတ်မှု (ခ) ဂျီနိုဆိုက် Genocide (အပိုင်း ၁) လူမျိုးတုံး/သုဥ်းသတ်ဖြတ်မှုလို့ မြန်မာမှုပြုပြီး သုံးစွဲလေ့ရှိကြတဲ့ ဂျီနိုဆိုက်ဒ်ဟာ ကမ္ဘာ့မှာ အဆိုးဆုံးလို့ သတ်မှတ်ထားတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေထဲက အမျိုးအစားတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၁၇ ရိုဟင်ဂျာ လူမျိုးသုဥ်း/တုံးသတ်ဖြတ်မှုအရေးနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုတို့ ဖြစ်ပေါ်ပြီးနောက်မှာ အတိုင်းအတာတခုထိ ကမ္ဘာက သတိထားမိလာခဲ့ပါတယ်။ ဒါပေမယ့် တရားမျှတမှုဖော်ဆောင်ရေးဟာ ခုချိန်ထိ ကြိုးစားနေဆဲ လမ်းခုလတ်မှာသာ ရှိနေဆဲ​ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ လူမျိုးသုဥ်းသတ်ဖြတ်မှု (ခ) ဂျီနိုဆိုက်ဒ်ဆိုတဲ့ ခေါင်းစဥ်နဲ့ လူနည်းစုအရေး၊ ဘာသာရေး၊…

Season 2 Episode 2 : Buddhism, Karma and Social Justice

Season 2 Episode 2 : Buddhism, Karma and Social Justice (Part1) ဒီတပတ်မှာတော့ အဓိကာရပေါ့ကတ် Season 2 ရဲ့ Episode 2 ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ episode မှာ ဆွေးနွေးထားတဲ့ ခေါင်းစဥ်ကတော့ ဗုဒ္ဓဝါဒ၊ ကံနှင့် လူမှုတရားမျှတမှု (Buddhism, Karma and Social Justice) ဖြစ်ပါတယ်။ လာရောက်ဆွေးနွေးသူကတော့ ဗုဒ္ဓဝါဒီရဟန်းတပါးဖြစ်တဲ့ ဦးမဏ္ဍလာလင်္ကာရ ဖြစ်ပါတယ်။ ဒီတပတ်အပိုင်း ၁…

Season 2 Episode-1 : Freedom of Religion or Belief

Season 2 Episode-1 : Freedom of Religion or Belief (Part1) အဓိကာရရဲ့ Human Rights Podcast Season 1 အပြီးမှ ခေတ္တရပ်နားခဲ့တဲ့ Human Rights Podcast Series ရဲ့ Season 2 ပြန်လာပါပြီ။ Season 2 ရဲ့ ပထမဆုံးကဏ္ဍဖြစ်တဲ့ Episode 1 မှာတော့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတဦးဖြစ်တဲ့ ဆရာမ Seng ကို ဖိတ်ခေါ်ပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အကြောင်းကို…

Episode 13 : Defection Movement

Episode 13 : Defection Movement (Part 1) ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်နောက်ပိုင်းမှာ စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ဘက်မှာ ရပ် တည်လာတဲ့ စစ်သားတွေ တစထက်တစ တိုးပွားလာခဲ့ပါတယ်။ ထို့အတူ လက်နက်ကိုင်တော်လှန်ရေးအင်အား ကောင်းလာတာနဲ့အမျှ ပြည်သူ့ဘက်ပြောင်းလာသူတွေနဲ့ လက်နက်ချအလင်းဝင်လာသူတွေလည်း ရှိလာခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်သားတွေရဲ့ ဘက်ပြောင်းလာမှုဟာ ဘယ်လောက်အရေးကြီးသလဲ။ ဘာလို့လုပ်ဖို့ လိုအပ်သလို။ ဘက်ပြောင်းလာရေးနဲ့ပတ်သက်တဲ့ ကမ်ပိန်းတွေ ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ​။ စတဲ့အကြောင်းတွေကို သိရှိဖို့ Defection…

Episode 12 : General Strike Committee of Nationalities – GSCN

Episode 12 : General Strike Committee of Nationalities – GSCN (Part 1) နွေဦးတော်လှန်ရေးဟာ သက်တမ်းအားဖြင့် သုံးနှစ်တာဝန်းကျင်ကို ရောက်ရှိလာခဲ့ပြီ​ဖြစ်ပေမဲ့ အာဏာရှင်စနစ် ပြုတ်ကျရေး အလွှာပေါင်းစုံ ဘက်ပေါင်းစုံ တော်လှန်ဆောင်ရွက်မှုတွေကတော့ ခုချိန်ထိ အားကောင်းနေဆဲ ဖြစ်ပါတယ်။ ဒီတပတ် အဓိကာရ podcast ရဲ့ Episode 12 မှာတော့ နွေဦးတော်လှန်ရေးအတွင်းမှာ ဖွဲ့စည်းထားတဲ့ သပိတ်ကော်မတီတွေထဲက တခုဖြစ်တဲ့ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (General Strike Committee of…