လူမျိုးသုဥ်း/တုံး သတ်ဖြတ်မှု (ခ) ဂျီနိုဆိုက် Genocide (အပိုင်း ၁)

လူမျိုးတုံး/သုဥ်းသတ်ဖြတ်မှုလို့ မြန်မာမှုပြုပြီး သုံးစွဲလေ့ရှိကြတဲ့ ဂျီနိုဆိုက်ဒ်ဟာ ကမ္ဘာ့မှာ အဆိုးဆုံးလို့ သတ်မှတ်ထားတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေထဲက အမျိုးအစားတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၁၇ ရိုဟင်ဂျာ လူမျိုးသုဥ်း/တုံးသတ်ဖြတ်မှုအရေးနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုတို့ ဖြစ်ပေါ်ပြီးနောက်မှာ အတိုင်းအတာတခုထိ ကမ္ဘာက သတိထားမိလာခဲ့ပါတယ်။ ဒါပေမယ့် တရားမျှတမှုဖော်ဆောင်ရေးဟာ ခုချိန်ထိ ကြိုးစားနေဆဲ လမ်းခုလတ်မှာသာ ရှိနေဆဲ​ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ လူမျိုးသုဥ်းသတ်ဖြတ်မှု (ခ) ဂျီနိုဆိုက်ဒ်ဆိုတဲ့ ခေါင်းစဥ်နဲ့ လူနည်းစုအရေး၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအရေးတွေနဲ့ပတ်သက်ပြီး လေ့လာမှုတွေ လုပ်ဆောင်နေသူ သုတေသီတဦးဖြစ်တဲ့ ကိုရဲဟိန်းအောင်ကို အဓိကာရကနေ ဖိတ်ခေါ်ပြီး မေးမြန်းဆွေးနွေးထားပါတယ်။

ဒီအပိုင်းမှာတော့ လူမျိုးဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲ၊ မြန်မာနိုင်ငံမှာ ခေါ်နေတဲ့ “တိုင်းရင်းသား”ဆိုတဲ့ ဝေါဟာရက ဘယ်လို သဘောဆောင်သလဲ၊ လူနည်းစုဆိုတာဟာ အရေအတွက်နည်းတဲ့ လူအစုကိုပဲ ရည်ညွှန်းတာလား စသဖြင့် ဒီအကြောင်းအရာတွေကို ကနဦး ဆွေးနွေးထားပါတယ်။

လူမျိုးသုဥ်း/တုံး သတ်ဖြတ်မှု (ခ) ဂျီနိုဆိုက် Genocide (အပိုင်း ၂)

ဗမာ့ပြည်တွင်းစစ်ပြတိုက် (BCM) ရဲ့ဒါရိုက်တာ ကိုရဲဟိန်းအောင်နဲ့ ဆွေးနွေးထားတာရဲ့ အပိုင်း ၂ မှာတော့ လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုတာ ဘယ်လိုရာဇဝတ်မှုမျိုးလဲ၊ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုဆိုတာ ဘာလဲ၊ မြန်မာနိုင်ငံမှာ လူမျိုးစုတခုအဖြစ် သတ်မှတ်မခံထားရတဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ သမိုင်းမှာ တကယ်ရှိခဲ့သလားဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

လူမျိုးသုဥ်း/တုံး သတ်ဖြတ်မှု (ခ) ဂျီနိုဆိုက် Genocide (အပိုင်း ၃)

ဒီတပတ်မှာတော့ ဗမာ့ပြည်တွင်းစစ်ပြတိုက်ကို တည်ထောင်သူ ကိုရဲဟိန်းအောင်နဲ့ ဆွေးနွေးထားတာရဲ့ နောက်ဆုံးအပိုင်းကို ရောက်ရှိခဲ့ပါပြီ။ ဒီတပတ်အပိုင်းမှာ ဗမာပြည်မှာ အစ္စလာမ်မုန်းတီးမှု၊ မွတ်ဆလင်မုန်းတီးမှု ဘယ်လို မြစ်ဖျားခံပြီး ဖြစ်ပေါ်လာခဲ့သလဲ၊ ကိုလိုနီခေတ် နိုင်ငံရေးနဲ့ လူမှုစီးပွားရေး အကြောင်းရင်းမြစ်တွေကနေ အိန္ဒိယနွယ်ဖွားတွေ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေအပေါ် မုန်းတီးမှုတွေဟာ ဘယ်လိုအသွင်ဆောင်လာသလဲ၊ ဗမာပြည်မှာ လူမျိုးသုဥ်းသတ်ဖြတ်မှုအကြောင်း ဆွေးနွေးကြရင် ရိုဟင်ဂျာလူမျိုးတွေပဲ Genocide လုပ်ခံနေရတာလား၊ အခြားသော လူမျိုးစုတွေ၊​ လူမှုအသိုင်းအဝိုင်းတွေရော သမိုင်းမှာ Genocide လုပ်ခံခဲ့ကြရတယ်ဆိုနိုင်ကြမလား၊​ ဒါမှမဟုတ် တခြားသော နိုင်ငံတကာရရာဇဝတ်မှု ကျူးလွန်တွေ ဖြစ်နိုင်မလား။​ ဒါအကြောင်းတွေကို ဆွေးနွေးထားပါတယ်။