Season 2 Episode 10 : ကိုတင့်နှင့် စကားစမြည်
Season 2 Episode 10: ကိုတင့်နှင့် စကားစမြည် (အပိုင်း၁) အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၀ ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီတပတ်မှာတော့ လူ့အခွင့်အရေးနဲ့အကြောင်းအရာ ခေါင်းစဥ်တခုကို သီးသန့်ဆွေးနွေးတာမျိုးမဟုတ်ဘဲ အပြောင်းအလဲဖြစ်အောင် တော်လှန်ရေးကာလအတွင်းမှာ ကြုံတွေ့ဖြတ်သန်းခဲ့မှုအကြောင်းကို စကားစမြည်အနေနဲ့ ဆွေးနွေးသွားဖို့ ရွေးချယ်ထားပါတယ်။ ဒီတပတ်မှာ ပြောတဲ့ ခေါင်းစဥ်ကတော့ “ကိုတင့်နဲ့ စကားစမြည်”လို့ အမည်ရပြီး တော်လှန်ရေးရေဒီယိုတခုဖြစ်တဲ့ ဖက်ဒရယ်အက်ဖ်အမ် (Federal FM) ရဲ့ တည်ထောင်သူ ကိုတင့်က အဓိကာရနဲ့ ဆွေးနွေးထားပါတယ်။…