Season 2 Episode 2 : Buddhism, Karma and Social Justice (Part1)

ဒီတပတ်မှာတော့ အဓိကာရပေါ့ကတ် Season 2 ရဲ့ Episode 2 ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ episode မှာ ဆွေးနွေးထားတဲ့ ခေါင်းစဥ်ကတော့ ဗုဒ္ဓဝါဒ၊ ကံနှင့် လူမှုတရားမျှတမှု (Buddhism, Karma and Social Justice) ဖြစ်ပါတယ်။ လာရောက်ဆွေးနွေးသူကတော့ ဗုဒ္ဓဝါဒီရဟန်းတပါးဖြစ်တဲ့ ဦးမဏ္ဍလာလင်္ကာရ ဖြစ်ပါတယ်။ ဒီတပတ်အပိုင်း ၁ မှာတော့ ဗုဒ္ဓဝါဒ ခေါ် ဗုဒ္ဓဘာသာဟာ ကမ္မပဓာနဝါဒလား၊ လူတွေကြုံဆုံရင်ဆိုင်နေကြရသမျှဟာ အတိတ်ကံတွေကြောင့်ပဲ​ဖြစ်တယ်လို့ ဗုဒ္ဓက ပြောခဲ့သလား၊ ဗုဒ္ဓဟာ ဘာရည်ရွယ်ချက်တွေနဲ့ လူ့ကျင့်ဝတ်တွေ လူ့စည်းကမ်းတွေ ချမှတ်ခဲ့တာလဲ စတဲ့ အကြောင်းအရာတွေကို ဦးဇင်းက ဦးဆောင်ဆွေးနွေးထားပါတယ်။

Season 2 Episode 2 : Buddhism, Karma and Social Justice (Part2)

ဦးဇင်းမဏ္ဍလာလင်္ကာရနဲ့ ဆွေးနွေးထားတာရဲ့ အပိုင်း ၂ ကို ရောက်လာခဲ့ပါပြီ။ ဒီတပတ်ဆွေးနွေးမှုမှာတော့ နိုင်ငံတခု ဆင်းရဲနေတာ၊ ပျက်စီးနေတာဟာ ကံမကောင်းတာကြောင့်လား စနစ်ကြောင့်လား၊ လူ့အဖွဲ့အစည်းအတွင်းမှာ အစိုးရ၊ မိသားစု၊ ပြည်သူတွေဟာ ဘယ်လို စိတ်နှသွင်းပြီး လူမှုတရားမျှတမှုနဲ့ လူမှုပေါင်းစည်းရေးအတွက် တဦးကိုတဦး ပြုမူသင့်သလဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။