Season 2 Episode-1 : Freedom of Religion or Belief (Part1)

အဓိကာရရဲ့ Human Rights Podcast Season 1 အပြီးမှ ခေတ္တရပ်နားခဲ့တဲ့ Human Rights Podcast Series ရဲ့ Season 2 ပြန်လာပါပြီ။ Season 2 ရဲ့ ပထမဆုံးကဏ္ဍဖြစ်တဲ့ Episode 1 မှာတော့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတဦးဖြစ်တဲ့ ဆရာမ Seng ကို ဖိတ်ခေါ်ပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အကြောင်းကို အသေးစိတ် ဆွေးနွေးထားပါတယ်။

Season 2 Episode-1 : Freedom of Religion or Belief (Part 2)

ဒီတစ်ပတ်မှာတော့ အဓိကာရရဲ့ Human Rights Podcasts Series, Season 2 Episode 1 ရဲ့ ဒုတိယပိုင်းအဖြစ် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နဲ့ ပတ်သတ်ပြီး နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ ဆရာမ Seng နဲ့ ယုံကြည်ကိုးကွယ်ခြင်းနဲ့ပက်သက်ပြီး နိုင်ငံတကာစံနှုန်းတွေအကြောင်း အသေးစိတ်ဆွေးနွေးမှုတွေကို ဆက်လက်နားဆင်နိုင်မှာဖြစ်ပါတယ်။

Season 2 Episode-1 : Freedom of Religion or Belief (Part 3)

အဓိကာရ Human Rights Podcast Season 2, Episode 1 မှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် (FoRB) အကြောင်းကို ဆွေးနွေးထားတာရဲ့ နောက်ဆုံးအပိုင်းကို ရောက်ရှိလာပါပြီ။ ဒီအပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်ဝန်းကျင်ကာလအတွင်း နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ချိုးဖောက်မှုတွေအကြောင်းကို သုတေသနတွေ့ရှိချက်တွေကို အခြေခံပြီး ဆရာမ Seng က ဆွေးနွေးပေးထားပါတယ်။