Episode 13 : Defection Movement (Part 1)

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်နောက်ပိုင်းမှာ စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ဘက်မှာ ရပ် တည်လာတဲ့ စစ်သားတွေ တစထက်တစ တိုးပွားလာခဲ့ပါတယ်။ ထို့အတူ လက်နက်ကိုင်တော်လှန်ရေးအင်အား ကောင်းလာတာနဲ့အမျှ ပြည်သူ့ဘက်ပြောင်းလာသူတွေနဲ့ လက်နက်ချအလင်းဝင်လာသူတွေလည်း ရှိလာခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်သားတွေရဲ့ ဘက်ပြောင်းလာမှုဟာ ဘယ်လောက်အရေးကြီးသလဲ။ ဘာလို့လုပ်ဖို့ လိုအပ်သလို။ ဘက်ပြောင်းလာရေးနဲ့ပတ်သက်တဲ့ ကမ်ပိန်းတွေ ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ​။ စတဲ့အကြောင်းတွေကို သိရှိဖို့ Defection Movement ဆိုတဲ့ ခေါင်းစဥ်နဲ့ အဓိကာရရဲ့ Episode 13 မှာ မသဥ်ဇာရွှန်းလဲ့ရည်ကို ဖိတ်ခေါ်ဆွေးနွေးထားပါတယ်။

Episode 13 : Defection Movement (Part 2)

Defection Movement ဆိုတဲ့ ခေါင်းစဥ်နဲ့ မသဥ္ဇာရွှန်းလဲ့ရည်ကို ဖိတ်ခေါ်မေးမြန်းပြောဆိုခဲ့တာရဲ့ အပိုင်း ၂ ကို Spotify မှာ နားဆင်လို့ရပါပြီ။ ဒီအပိုင်းမှာတော့ တော်လှန်ရေးအတွင်း ဘက်ပြောင်းလာတဲ့ စစ်သားတွေရဲ့ အမျိုးသမီးဟာ ဘယ်လောက်အခန်းကဏ္ဍထိ အရေးပါလဲ။ ကိုယ်တိုင်လည်း အမျိုးသမီးတယောက်အနေနဲ့ ဘက်ပြောင်းလာရေး စည်းရုံးလှုံ့ဆော်မှုနဲ့ ကမ်ပိန်းတွေ လုပ်ဆောင်ရာမှာ၊ ထိတွေ့ဆက်ဆံရာမှာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ရသလဲဆိုတာကို မသဥ္ဇာရွှန်းလဲ့ရည်က ဆွေးနွေးထားပါတယ်။