Episodes

Season 2 Episode 9 : သတင်းတုသတင်းမှားနှင့် ဆိုက်ဘာလုံခြုံရေး

Season 2 Episode 9 : သတင်းတုသတင်းမှားနှင့် ဆိုက်ဘာလုံခြုံရေး (အပိုင်း ၁) ဒီတပတ် အဓိကာရလူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၉ မှာတော့ သတင်းတုသတင်းမှားနဲ့ ဆိုက်ဘာလုံခြုံရေးဆိုတဲ့ ခေါင်းစဥ်ကို ဆွေးနွေးဖို့ ရွေးချယ်ထားပါတယ်။ ဒီခေါင်းစဥ်ကို အဓိကာရမှာ လာရောက်ဆွေးနွေးသူကတော့ သတင်းတု၊ သတင်းမှားဆိုင်ရာ လေ့လာသူတဦးဖြစ်တဲ့ နန်း ဖြစ်ပါတယ်။ ဒီနေ့မှာတင်ဆက်တဲ့ ပထမပိုင်းမှာတော့ သတင်းတုသတင်းမှားတွေဟာ မြန်မာနိုင်ငံမှာ ဘယ်လိုပျံ့နှံ့နေလဲ၊ ဘယ်လိုအကြောင်းအရာတွေကို သတင်းတုသတင်းမှားတွေမှာ အဓိက သုံးစွဲနေလဲ၊ မတူကွဲပြားတဲ့ သတင်းတုသတင်းမှား…

Season 2 Episdoe 8: လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍ

Season 2 Episode 8: လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍ (အပိုင်း ၁) အားလုံးပဲ အဓိကာရ ပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ အချို့ အခက်အခဲတွေကြောင့် ခဏတာ နားခဲ့ရတဲ့ လူ့အခွင့်အရေးပေါ့ကတ်ကို ဒီတပတ်မှာ ပြန်လည် ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်။ ဒီတပတ် အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၈ (Season 2, Episode 08) မှာ ဖိတ်ကြားထားသူကတော့ မြန်မာနိုင်ငံ Reuters သတင်းထောက်တဦးလည်းဖြစ်၊ သတင်းသမားသုတေသီတဦးလည်းဖြစ်တဲ့ မသူသူအောင် ဖြစ်ပါတယ်။…

Rule of Law Podcast Episode 4 – မျှတသော တရားစီရင်မှု ရပိုင်ခွင့်

မျှတသော တရားစီရင်မှု ရပိုင်ခွင့် ဒီတပတ် Rule of Law ပေါ့ကတ် အပိုင်း ၄ မှာ တင်ဆက်သူလည်းဖြစ် တရားလွှတ်တော်ရှေ့နေတဦးလည်းဖြစ်တဲ့ ကိုဟယ်ရီနဲ့ လာရောက်ဆွေးနွေးသူ ကိုပိုင်သက်တို့က မျှတသောတရားစီရင်မှုအကြောင်းကို ဆွေးနွေးထားပါတယ်။အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို တချိန်မှာ အကောင်အထည်ဖော်ဆောင်ရမှာဖြစ်ပေမဲ့ တော်လှန်ရေးကာလမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လက်နက်ကိုင်အချင်းချင်းကြား၊ လက်နက်ကိုင်ဆောင်ထားသူနဲ့ ပြည်သူကြား၊ ပြည်သူနဲ့ပြည်သူကြားမှာ ဖြစ်ပေါ်နေမှာမို့ မျှတသောတရားစီရင်ခွင့်နှင့် တရားရေးဆိုင်ရာတာဝန်ယူမှုရှိဖို့ လိုအပ်ပါတယ်။ ဒီလိုချိန်မှာ နယ်မြေတွေကို ထိန်းချုပ်လာနိုင်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် ထူထောင်၊ လည်ပတ်နိုင်တဲ့ တော်လှန်ရးအင်အားစုတွေဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ…

Rule of Law Episode 3: သတင်းမီဒီယာနဲ့ ဥပဒေအကာအကွယ်

သတင်းမီဒီယာနဲ့ ဥပဒေအကာအကွယ် အဓိကာရ Rule of Law Podcast ရဲ့ Episode 3 မှာ ဒီတပတ်ဆွေးနွေးမယ့် ခေါင်းစဥ်ကတော့ သတင်းမီဒီယာနဲ့ ဥပဒေအကာအကွယ်ပဲ ဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးခန်းမှာ ROL ပေ့ါကတ်ရဲ့ ပင်တိုင်တင်ဆက်သူတဦးလည်း ဖြစ်သလို၊ တရားလွှတ်တော်ရှေ့နေတဦးလည်း ဖြစ်တဲ့ ကိုဟယ်ရီနဲ့ ပူးတွဲတင်ဆက်သူ ကိုပိုင်သက်တို့က ဆွေးနွေးထားပါတယ်။ ဆွေးနွေးချက်တွေကတော့ မီဒီယာတွေ၊ ဂျာနယ်လစ်တွေ၊ ပြည်သူလူထုတွေအတွက် သတင်းဖြန့်ဖြူးရာ၊ သတင်းဖတ်ရှုရာ အဓိကပလက်ဖောင်းဖြစ်တဲ့ လူမှုမီဒီယာတွေ အသုံးပြုလို့မရတော့အောင် VPN တွေကို ပိတ်လိုက်တာဟာ စစ်ကောင်စီမှာ…

Season 2 Episode 4: နိုင်ငံသားဖြစ်ခွင့်

နိုင်ငံသားဖြစ်ခွင့် (အပိုင်း ၁) ဒီတပတ်မှာ ကျရောက်တဲ့ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ရဲ့ Season 2၊ Episode 4 မှာတော့ လူ့အခွင့်အရေးကြေညာစာတမ်းပါ ရပိုင်ခွင့်တခုဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့် (right to citizenship) ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့်အကြောင်းခေါင်းစဥ်နဲ့ ဆွေးနွေးချက် အပိုင်း ၁ မှာတော့ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်တဲ့ နိုင်ငံတကာစံနှုန်းတွေဟာ ဘာတွေရှိလဲ၊ ကမ္ဘာပေါ်မှာ နိုင်ငံမဲ့သူတွေများစွာရှိနေတာဟာ ဘာကြောင့်လဲ၊ လက်ရှိကမ္ဘာမှာ လူသားပေါင်းများစွာ နိုင်ငံမဲ့ဖြစ်စနေကြတဲ့ အခြေအနေတွေဟာ ဘယ်လိုရှိနေလဲ၊ နိုင်ငံမဲ့ဆိုတာဟာ နိုင်ငံမရှိတဲ့သူကို ဆိုလိုတာလား စတဲ့ အကြောင်းအရာတွေကို…

Season 2 Episode 3: လူမျိုးသုဥ်း/တုံး သတ်ဖြတ်မှု (ခ) ဂျီနိုဆိုက် Genocide

လူမျိုးသုဥ်း/တုံး သတ်ဖြတ်မှု (ခ) ဂျီနိုဆိုက် Genocide (အပိုင်း ၁) လူမျိုးတုံး/သုဥ်းသတ်ဖြတ်မှုလို့ မြန်မာမှုပြုပြီး သုံးစွဲလေ့ရှိကြတဲ့ ဂျီနိုဆိုက်ဒ်ဟာ ကမ္ဘာ့မှာ အဆိုးဆုံးလို့ သတ်မှတ်ထားတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေထဲက အမျိုးအစားတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၁၇ ရိုဟင်ဂျာ လူမျိုးသုဥ်း/တုံးသတ်ဖြတ်မှုအရေးနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုတို့ ဖြစ်ပေါ်ပြီးနောက်မှာ အတိုင်းအတာတခုထိ ကမ္ဘာက သတိထားမိလာခဲ့ပါတယ်။ ဒါပေမယ့် တရားမျှတမှုဖော်ဆောင်ရေးဟာ ခုချိန်ထိ ကြိုးစားနေဆဲ လမ်းခုလတ်မှာသာ ရှိနေဆဲ​ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ လူမျိုးသုဥ်းသတ်ဖြတ်မှု (ခ) ဂျီနိုဆိုက်ဒ်ဆိုတဲ့ ခေါင်းစဥ်နဲ့ လူနည်းစုအရေး၊ ဘာသာရေး၊…

Rule of Law Episode 2: သံသယနဲ့စွပ်စွဲခံရသူ/ဖမ်းဆီးထိန်းသိမ်းခံရသူရဲ့ ရပိုင်ခွင့်

သံသယနဲ့စွပ်စွဲခံရသူ/ဖမ်းဆီးထိန်းသိမ်းခံရသူရဲ့ ရပိုင်ခွင့် (Part 1) အဓိကာရ Rule of Law ပေါ့ကတ်ရဲ့ ဒီတပတ်အတွက် ခေါင်းစဥ်ကတော့ သံသယနဲ့စွပ်စွဲခံရသူ/ဖမ်းဆီးထိန်းသိမ်းခံရသူရဲ့ ရပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ တင်ဆက်သူ Harry က မေးမြန်းဆွေးနွေးပြီး တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ဆရာမ မယ်အေးက လာရောက်ဖြေကြားဆွေးနွေးထားပါတယ်။ စွပ်စွဲခံရသူတဦးဟာ ဖမ်းဆီးချုပ်နှောင်ခံရပြီးတာနဲ့ ရှေ့နေနဲ့တွေ့ဆုံပိုင်ခွင့် စောနိုင်သမျှ အစောဆုံး တွေ့ခွင့်ရှိရမယ်ဆိုပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘယ်လိုအခြေအနေတွေ ဖြစ်ခဲ့သလဲ။ ရဲလက်အောက်မှာ ချုပ်နှောင်ကာလဟာ ၂၄ နာရီသာ ဖြစ်ပေမဲ့ လက်တွေ့မှာ ဘယ်လိုတွေ ချုပ်နှောင်ဖမ်းဆီးနေသလဲ။ အကျဥ်းထောင်ကျခံရစဥ်မှာလည်း…

Season 2 Episode 2 : Buddhism, Karma and Social Justice

Season 2 Episode 2 : Buddhism, Karma and Social Justice (Part1) ဒီတပတ်မှာတော့ အဓိကာရပေါ့ကတ် Season 2 ရဲ့ Episode 2 ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ episode မှာ ဆွေးနွေးထားတဲ့ ခေါင်းစဥ်ကတော့ ဗုဒ္ဓဝါဒ၊ ကံနှင့် လူမှုတရားမျှတမှု (Buddhism, Karma and Social Justice) ဖြစ်ပါတယ်။ လာရောက်ဆွေးနွေးသူကတော့ ဗုဒ္ဓဝါဒီရဟန်းတပါးဖြစ်တဲ့ ဦးမဏ္ဍလာလင်္ကာရ ဖြစ်ပါတယ်။ ဒီတပတ်အပိုင်း ၁…

Rule of Law Episode 1: Why Law Matters?

Rule of Law Episode 1: Why Law Matters? အဓိကာရ ရဲ့ Podcast Series အသစ်တခု ဖြစ်တဲ့ Rule of Law Podcast Series – Episode 1 မှာ Host ဖြစ်တဲ့ Harry နဲ့အတူ Py Thet က Co-host အဖြစ် ပါဝင်ပြီး Why Law Matters? “ဘာကြောင့် ဥပဒေက အရေးပါသလဲ” –…

Season 2 Episode-1 : Freedom of Religion or Belief

Season 2 Episode-1 : Freedom of Religion or Belief (Part1) အဓိကာရရဲ့ Human Rights Podcast Season 1 အပြီးမှ ခေတ္တရပ်နားခဲ့တဲ့ Human Rights Podcast Series ရဲ့ Season 2 ပြန်လာပါပြီ။ Season 2 ရဲ့ ပထမဆုံးကဏ္ဍဖြစ်တဲ့ Episode 1 မှာတော့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတဦးဖြစ်တဲ့ ဆရာမ Seng ကို ဖိတ်ခေါ်ပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အကြောင်းကို…