သံသယနဲ့စွပ်စွဲခံရသူ/ဖမ်းဆီးထိန်းသိမ်းခံရသူရဲ့ ရပိုင်ခွင့် (Part 1)

အဓိကာရ Rule of Law ပေါ့ကတ်ရဲ့ ဒီတပတ်အတွက် ခေါင်းစဥ်ကတော့ သံသယနဲ့စွပ်စွဲခံရသူ/ဖမ်းဆီးထိန်းသိမ်းခံရသူရဲ့ ရပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ တင်ဆက်သူ Harry က မေးမြန်းဆွေးနွေးပြီး တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ဆရာမ မယ်အေးက လာရောက်ဖြေကြားဆွေးနွေးထားပါတယ်။ စွပ်စွဲခံရသူတဦးဟာ ဖမ်းဆီးချုပ်နှောင်ခံရပြီးတာနဲ့ ရှေ့နေနဲ့တွေ့ဆုံပိုင်ခွင့် စောနိုင်သမျှ အစောဆုံး တွေ့ခွင့်ရှိရမယ်ဆိုပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘယ်လိုအခြေအနေတွေ ဖြစ်ခဲ့သလဲ။ ရဲလက်အောက်မှာ ချုပ်နှောင်ကာလဟာ ၂၄ နာရီသာ ဖြစ်ပေမဲ့ လက်တွေ့မှာ ဘယ်လိုတွေ ချုပ်နှောင်ဖမ်းဆီးနေသလဲ။ အကျဥ်းထောင်ကျခံရစဥ်မှာလည်း ပြင်ပဧည့်သည်နဲ့ တွေ့ဆုံခွင့်ကို ဥပဒေက ပြဋ္ဌာန်းထားပေမဲ့ စစ်ကောင်စီက ဘယ်လိုတွေ ချိုးဖောက်နေသလဲ။ ဒီအကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

သံသယနဲ့စွပ်စွဲခံရသူ/ဖမ်းဆီးထိန်းသိမ်းခံရသူရဲ့ ရပိုင်ခွင့် (အပိုင်း ၂)

Rule of Law ပေါ့ကတ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ရပိုင်ခွင့်ဆိုတဲ့ ခေါင်းစဥ်ရဲ့ အပိုင်း ၂ ဖြစ်တဲ့ ဒီတပတ်အပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားရေးနယ်ပယ်မှာ အာဏာမသိမ်းမီနဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဘာတွေ သိသိသာသာကွာခြားသွားလဲ။ အထူးသဖြင့် အရပ်ဘက် တရားရုံးတွေရော စစ်ခုံရုံးတွေကိုပါ အကျဥ်းထောင်တွေအတွင်းကိုထည့်ပြီး အင်မတန် ကျဥ်းကြပ်လာတဲ့ အခြေအနေတွေနဲ့ သိသိသာသာဆိုးရွားလာတဲ့ လာဘ်စားမှု၊ အကျင့်ပျက်ခြစားမှုတွေ ဘယ်လိုဖြစ်ပေါ်နေသလဲ။ ယုံကြည်ချက်ကြောင့် အဖမ်းခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ဥပဒေဆိုင်ရာ ရပိုင်ခွင့် ဘယ်လိုတွေ ဆုံးရှုံးနေလဲ။ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ရပိုင်ခွင့်အတွက် အမှုလိုက်ပေးနေတဲ့ ရှေ့နေတွေကိုယ်တိုင်ရော ဘယ်လို ထိပါးနှောက်ယှက်မှု၊ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေကြရလဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။