Episode-3 : International Law (Part 1)

ဒီတပတ်မှာတော့ အဓိကာရ Podcast ရဲ့ Episode 3 ကို ရောက်ရှိခဲ့ပါပြီ။ Episode 3 မှာ ဧရာဝတီ ဥပဒေပညာသင်ကျောင်းရဲ့ သုတေသနစင်တာ ဒါရိုက်တာဖြစ်သူ ကိုကျော်ကို ဖိတ်ကြားပြီး အပြည်ပြည်ဆိုင်ရာဥပဒေ (International Law) အကြောင်း ဆွေးနွေးထားပါတယ်။

Episode-3: International Law (Part 2)

အဓိကာရ Podcast ရဲ့ Episode 3 ကနေ ပြန်လည်ကြိုဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ Episode 3 မှာ ဧရာဝတီ ဥပဒေပညာသင်ကျောင်းရဲ့ သုတေသနစင်တာ ဒါရိုက်တာဖြစ်သူ ကိုကျော်ကို ဖိတ်ကြားပြီး အပြည်ပြည်ဆိုင်ရာဥပဒေ (International Law) အကြောင်း ဆွေးနွေးချက် အပိုင်း ၁ ကို တင်ဆက်ခဲ့ပြီး ခုတပတ်မှာတော့ အပိုင်း ၂ ကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီတပတ်အပိုင်း (၂)မှာတော့ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ ရင်းမြစ်တွေအကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ စည်းနှောင်မှုအကြောင်းကို ဆွေးနွေးထားပါ်တယ်။

Episode-3 : International Law (Part 3)

အဓိကာရ Podcast ရဲ့ Episode 3 မှာ အပြည်ပြည်ဆိုင်ရာဥပဒေအကြောင်းကို ဆွေးနွေးခဲ့တာ အခုဆို နောက်ဆုံးအပိုင်းကို ရောက်ရှိလာခဲ့ပါပြီ။​ ဒီအပိုင်းမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက “ပြဌာန်း၊ ပြင်ဆင်” တယ်ဆိုပြီး ကြေညာလာခဲ့တဲ့ ဥပဒေတွေဟာ တရားဝင်မှု ရှိသလားဆိုတာကို ဖိတ်ကြားထားသူ ဧရာဝတီဥပဒေပညာသင်ကျောင်းက ကိုကျော်က အဓိကထား ဆွေးနွေးထားပါတယ်။