Episode 11 : The Role of Laborers and Workers in the Revolution (Part 1)

မြန်မာ့နွေဦးတော်လှန်ရေးမှာ အလုပ်သမားတွေဟာ ကနဦးအစ လမ်းမထွက်ဆန္ဒပြပွဲတွေမှာလည်း ရှေ့ဆုံးက ပါဝင်ခဲ့တဲ့ အစုတွေထဲက တခု ဖြစ်သလို တော်လှန်ရေးအစကနေ ခုချိန်ထိ အခန်းကဏ္ဍကနေ အစဥ်တစိုက် ပါဝင်လာကြသူတွေ ဖြစ်ပါတယ်။ တော်လှန်ရေးမှာ ပါဝင်ရာမှာ အလုပ်သမားတွေအနေနဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေလည်း အမျိုးမျိုးကြုံတွေ့ခဲ့ကြရပေမဲ့ ခုချိန်ထိလည်း ပါဝင်နေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတပတ် Episode 11 မှာတော့ အလုပ်သမားအရေးလှုပ်ရှားသူလည်းဖြစ်၊ အလွတ်တန်းသုတေသီတဦးလည်းဖြစ်တဲ့ ကိုမောင်ကို အဓိကာရက ဖိတ်ခေါ်ပြီး ဆွေးနွေးထားပါတယ်။

Episode 11 : The Role of Laborers and Workers in the Revolution (Part 2)

အဓိကာရရဲ့ ထုတ်လွှင့်မှုကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတပတ်မှာတော့ အလုပ်သမားအရေး လှုပ်ရှားနေသူ ကိုမောင်နဲ့ အဓိကာရနဲ့ စကားပြောထားတဲ့ အပိုင်း၂ ကို နားဆင်ရမှာပါ။ အပိုင်း ၂ မှာတော့ အလုပ်သမားတွေ အာဏာသိမ်းပြီးနောက်ပိုင်းမှာရော မသိမ်းခင်မှာပါ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေအကြောင်းနဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေရဲ့ သက်ရောက်မှု ကွာခြားချက်တွေအကြောင်းကို ဆွေးနွေးပေးထားပါတယ်။