rule of law

Rule of Law Episode 6 : စစ်သုံ့ပန်း

Rule of Law Episode 6: စစ်သုံ့ပန်း အဓိကာရ Rule of Law ဥပဒေဆိုင်ရာ ပေါ့ကတ်ရဲ့ Episode 6 ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီတပတ်မှာ ဆွေးနွေးထားတဲ့ ခေါင်းစဥ်ကတော့ စစ်သုံ့ပန်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားရာမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဟာ တရားစီရင်မှုကို ခံယူရမယ့်သူတွေဖြစ်နေနိုင်ပေမဲ့ လူသားတယောက်နဲ့ စစ်သုံ့ပန်းတွေ ရရှိရထိုက်တဲ့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ဒီတပတ်မှာတော့ တရားလွှတ်တော်ရှေ့နေတဦးလည်းဖြစ်တဲ့ တင်ဆက်သူ ကိုဟယ်ရီနဲ့ လာရောက်ဆွေးနွေးသူ ကိုပိုင်သက်တို့က ဆွေးနွေးထားပါတယ်။

Rule of Law Podcast Episode 5 : သမ္မတရာထူးလစ်လပ်ခြင်းနှင့် သမ္မတဖြစ်ပိုင်ခွင့်

Rule of Law Podcast Episode 5 : သမ္မတရာထူးလစ်လပ်ခြင်းနှင့် သမ္မတဖြစ်ပိုင်ခွင့် ဒီတပတ် အဓိကာရ ဥပဒေဆိုင်ရာပေါ့ကတ်မှာ ဆွေးနွေးမယ့်အကြောင်းအရာကတော့ သမ္မတရာထူးလစ်လပ်ခြင်းနှင့် သမ္မတဖြစ်ပိုင်ခွင့် ဆိုတဲ့ ခေါင်းစဥ်ပဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတ ဖြစ်လာပြီး အရေးပေါ်အခြေအနေကြေညာတာဟာ ဥပဒေနဲ့ ညီသလား၊ မညီဘူးဆိုရင် ဘယ်လိုချိုးဖောက်မှုတွေ ဖြစ်သလဲ၊ နောက်ဆုံး ယာယီသမ္မတအမည်ခံထားတဲ့ မြင့်ဆွေက မင်းအောင်လှိုင်ကို ယာယီသမ္မတတာဝန်တွေကို လွှဲပြောင်းပေးအပ်တာဟာရော ဥပဒေနဲ့ ညီသလား…

Rule of Law Podcast Episode 4 – မျှတသော တရားစီရင်မှု ရပိုင်ခွင့်

မျှတသော တရားစီရင်မှု ရပိုင်ခွင့် ဒီတပတ် Rule of Law ပေါ့ကတ် အပိုင်း ၄ မှာ တင်ဆက်သူလည်းဖြစ် တရားလွှတ်တော်ရှေ့နေတဦးလည်းဖြစ်တဲ့ ကိုဟယ်ရီနဲ့ လာရောက်ဆွေးနွေးသူ ကိုပိုင်သက်တို့က မျှတသောတရားစီရင်မှုအကြောင်းကို ဆွေးနွေးထားပါတယ်။အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို တချိန်မှာ အကောင်အထည်ဖော်ဆောင်ရမှာဖြစ်ပေမဲ့ တော်လှန်ရေးကာလမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လက်နက်ကိုင်အချင်းချင်းကြား၊ လက်နက်ကိုင်ဆောင်ထားသူနဲ့ ပြည်သူကြား၊ ပြည်သူနဲ့ပြည်သူကြားမှာ ဖြစ်ပေါ်နေမှာမို့ မျှတသောတရားစီရင်ခွင့်နှင့် တရားရေးဆိုင်ရာတာဝန်ယူမှုရှိဖို့ လိုအပ်ပါတယ်။ ဒီလိုချိန်မှာ နယ်မြေတွေကို ထိန်းချုပ်လာနိုင်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် ထူထောင်၊ လည်ပတ်နိုင်တဲ့ တော်လှန်ရးအင်အားစုတွေဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ…

Rule of Law Episode 3: သတင်းမီဒီယာနဲ့ ဥပဒေအကာအကွယ်

သတင်းမီဒီယာနဲ့ ဥပဒေအကာအကွယ် အဓိကာရ Rule of Law Podcast ရဲ့ Episode 3 မှာ ဒီတပတ်ဆွေးနွေးမယ့် ခေါင်းစဥ်ကတော့ သတင်းမီဒီယာနဲ့ ဥပဒေအကာအကွယ်ပဲ ဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးခန်းမှာ ROL ပေ့ါကတ်ရဲ့ ပင်တိုင်တင်ဆက်သူတဦးလည်း ဖြစ်သလို၊ တရားလွှတ်တော်ရှေ့နေတဦးလည်း ဖြစ်တဲ့ ကိုဟယ်ရီနဲ့ ပူးတွဲတင်ဆက်သူ ကိုပိုင်သက်တို့က ဆွေးနွေးထားပါတယ်။ ဆွေးနွေးချက်တွေကတော့ မီဒီယာတွေ၊ ဂျာနယ်လစ်တွေ၊ ပြည်သူလူထုတွေအတွက် သတင်းဖြန့်ဖြူးရာ၊ သတင်းဖတ်ရှုရာ အဓိကပလက်ဖောင်းဖြစ်တဲ့ လူမှုမီဒီယာတွေ အသုံးပြုလို့မရတော့အောင် VPN တွေကို ပိတ်လိုက်တာဟာ စစ်ကောင်စီမှာ…

Rule of Law Episode 2: သံသယနဲ့စွပ်စွဲခံရသူ/ဖမ်းဆီးထိန်းသိမ်းခံရသူရဲ့ ရပိုင်ခွင့်

သံသယနဲ့စွပ်စွဲခံရသူ/ဖမ်းဆီးထိန်းသိမ်းခံရသူရဲ့ ရပိုင်ခွင့် (Part 1) အဓိကာရ Rule of Law ပေါ့ကတ်ရဲ့ ဒီတပတ်အတွက် ခေါင်းစဥ်ကတော့ သံသယနဲ့စွပ်စွဲခံရသူ/ဖမ်းဆီးထိန်းသိမ်းခံရသူရဲ့ ရပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ တင်ဆက်သူ Harry က မေးမြန်းဆွေးနွေးပြီး တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ဆရာမ မယ်အေးက လာရောက်ဖြေကြားဆွေးနွေးထားပါတယ်။ စွပ်စွဲခံရသူတဦးဟာ ဖမ်းဆီးချုပ်နှောင်ခံရပြီးတာနဲ့ ရှေ့နေနဲ့တွေ့ဆုံပိုင်ခွင့် စောနိုင်သမျှ အစောဆုံး တွေ့ခွင့်ရှိရမယ်ဆိုပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘယ်လိုအခြေအနေတွေ ဖြစ်ခဲ့သလဲ။ ရဲလက်အောက်မှာ ချုပ်နှောင်ကာလဟာ ၂၄ နာရီသာ ဖြစ်ပေမဲ့ လက်တွေ့မှာ ဘယ်လိုတွေ ချုပ်နှောင်ဖမ်းဆီးနေသလဲ။ အကျဥ်းထောင်ကျခံရစဥ်မှာလည်း…

Rule of Law Episode 1: Why Law Matters?

Rule of Law Episode 1: Why Law Matters? အဓိကာရ ရဲ့ Podcast Series အသစ်တခု ဖြစ်တဲ့ Rule of Law Podcast Series – Episode 1 မှာ Host ဖြစ်တဲ့ Harry နဲ့အတူ Py Thet က Co-host အဖြစ် ပါဝင်ပြီး Why Law Matters? “ဘာကြောင့် ဥပဒေက အရေးပါသလဲ” –…