blog

Season 2 Episode 11 : ဒစ်ဂျစ်တယ် အာဏာသိမ်းမှု

Season 2 Episode 11: ဒစ်ဂျစ်တယ် အာဏာသိမ်းမှု (အပိုင်း ၁) အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ကို ထုတ်လွှင့်လာခဲ့တာ ဒီတပတ်မှာဆိုရင်တော့ အတွဲ ၂၊ အပိုင်း ၁၁ ကို ရောက်ရှိလာခဲ့ပါပြီ။ တပိုင်းနဲ့တပိုင်း မတူညီတဲ့ အကြောင်းအရာတွေကို ဆွေးနွေးလာတာမှာ ဒီတပတ်မှာဆွေးနွေးဖြစ်တာကတော့ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနဲ့အတူ ဖြစ်လာတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်အာဏာသိမ်းမှုအကြောင်းပဲ ဖြစ်ပါတယ်။ ဒါအကြောင်းကို ဆွေးနွေးဖို့ ဖိတ်ခေါ်ထားသူကတော့ ဒစ်ဂျစ်တယ်လုံခြုံရေးကျွမ်းကျင်သူ မနန္ဒာပဲ​ဖြစ်ပါတယ်။ ဒီတပတ် အဓိကာရပေါ့ကတ် ဒစ်ဂျစ်တယ်အာဏာသိမ်းမှုဆိုတဲ့ ခေါင်းစဥ်ရဲ့ ပထမပိုင်းမှာတော့…

Season 2 Episode 10 : ကိုတင့်နှင့် စကားစမြည်

Season 2 Episode 10: ကိုတင့်နှင့် စကားစမြည် (အပိုင်း၁) အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၀ ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီတပတ်မှာတော့ လူ့အခွင့်အရေးနဲ့အကြောင်းအရာ ခေါင်းစဥ်တခုကို သီးသန့်ဆွေးနွေးတာမျိုးမဟုတ်ဘဲ​ အပြောင်းအလဲဖြစ်အောင် တော်လှန်ရေးကာလအတွင်းမှာ ကြုံတွေ့ဖြတ်သန်းခဲ့မှုအကြောင်းကို စကားစမြည်အနေနဲ့ ဆွေးနွေးသွားဖို့ ရွေးချယ်ထားပါတယ်။ ဒီတပတ်မှာ ပြောတဲ့ ခေါင်းစဥ်ကတော့ “ကိုတင့်နဲ့ စကားစမြည်”လို့ အမည်ရပြီး တော်လှန်ရေးရေဒီယိုတခုဖြစ်တဲ့ ဖက်ဒရယ်အက်ဖ်အမ် (Federal FM) ရဲ့ တည်ထောင်သူ ကိုတင့်က အဓိကာရနဲ့ ဆွေးနွေးထားပါတယ်။…

Season 2 Episode 9 : သတင်းတုသတင်းမှားနှင့် ဆိုက်ဘာလုံခြုံရေး

Season 2 Episode 9 : သတင်းတုသတင်းမှားနှင့် ဆိုက်ဘာလုံခြုံရေး (အပိုင်း ၁) ဒီတပတ် အဓိကာရလူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၉ မှာတော့ သတင်းတုသတင်းမှားနဲ့ ဆိုက်ဘာလုံခြုံရေးဆိုတဲ့ ခေါင်းစဥ်ကို ဆွေးနွေးဖို့ ရွေးချယ်ထားပါတယ်။ ဒီခေါင်းစဥ်ကို အဓိကာရမှာ လာရောက်ဆွေးနွေးသူကတော့ သတင်းတု၊ သတင်းမှားဆိုင်ရာ လေ့လာသူတဦးဖြစ်တဲ့ နန်း ဖြစ်ပါတယ်။ ဒီနေ့မှာတင်ဆက်တဲ့ ပထမပိုင်းမှာတော့ သတင်းတုသတင်းမှားတွေဟာ မြန်မာနိုင်ငံမှာ ဘယ်လိုပျံ့နှံ့နေလဲ၊ ဘယ်လိုအကြောင်းအရာတွေကို သတင်းတုသတင်းမှားတွေမှာ အဓိက သုံးစွဲနေလဲ၊ မတူကွဲပြားတဲ့ သတင်းတုသတင်းမှား…

Season 2 Episdoe 8: လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍ

Season 2 Episode 8: လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍ (အပိုင်း ၁) အားလုံးပဲ အဓိကာရ ပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ အချို့ အခက်အခဲတွေကြောင့် ခဏတာ နားခဲ့ရတဲ့ လူ့အခွင့်အရေးပေါ့ကတ်ကို ဒီတပတ်မှာ ပြန်လည် ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်။ ဒီတပတ် အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၈ (Season 2, Episode 08) မှာ ဖိတ်ကြားထားသူကတော့ မြန်မာနိုင်ငံ Reuters သတင်းထောက်တဦးလည်းဖြစ်၊ သတင်းသမားသုတေသီတဦးလည်းဖြစ်တဲ့ မသူသူအောင် ဖြစ်ပါတယ်။…

Rule of Law Podcast Episode 7: လေကြောင်းတိုက်ခိုက်မှုနှင့် နိုင်ငံတကာပြစ်မှု

Rule of Law Podcast Episode 7: လေကြောင်းတိုက်ခိုက်မှုနှင့် နိုင်ငံတကာပြစ်မှု အဓိကာရ ဥပဒေဆိုင်ရာပေါ့ကတ် (Rule of Law) ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတပတ် Rule of Law ပေါ့ကတ်မှာ ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ နိုင်ငံတကာပြစ်မှုဆိုတဲ့ ခေါင်းစဥ်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ကိုဟယ်ရီနဲ့ ပုံမှန်တင်ဆက်သူ ကိုပိုင်သက်တို့က ဆွေးနွေးထားကြပါတယ်။ ဒီနေ့ဆွေးနွေးမှုမှာ စစ်ကောင်စီရဲ့ ပြည်တွင်းမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေအတွင်း လေကြောင်းကနေ အရပ်သားပြည်သူတွေ၊ ယဥ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ၊…

Rule of Law Episode 6 : စစ်သုံ့ပန်း

Rule of Law Episode 6: စစ်သုံ့ပန်း အဓိကာရ Rule of Law ဥပဒေဆိုင်ရာ ပေါ့ကတ်ရဲ့ Episode 6 ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီတပတ်မှာ ဆွေးနွေးထားတဲ့ ခေါင်းစဥ်ကတော့ စစ်သုံ့ပန်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားရာမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဟာ တရားစီရင်မှုကို ခံယူရမယ့်သူတွေဖြစ်နေနိုင်ပေမဲ့ လူသားတယောက်နဲ့ စစ်သုံ့ပန်းတွေ ရရှိရထိုက်တဲ့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ဒီတပတ်မှာတော့ တရားလွှတ်တော်ရှေ့နေတဦးလည်းဖြစ်တဲ့ တင်ဆက်သူ ကိုဟယ်ရီနဲ့ လာရောက်ဆွေးနွေးသူ ကိုပိုင်သက်တို့က ဆွေးနွေးထားပါတယ်။

Season 2 Episode 7: လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကား

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကား (အပိုင်း ၁) အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုပါတယ်။​ ဒီတပတ်မှာတော့ အဓိကာရပေါ့ကတ်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကားဆိုတဲ့ အကြောင်းကို ဆွေးနွေးဖို့ ရွေးချယ်ထားပါတယ်။ ဒီအကြောင်းလာရောက်ဆွေးနွေးသူကတော့ လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းနေသူ ဆရာမ ငြိမ်း ဖြစ်ပါတယ်။ ဒီတပတ် အပိုင်း(၁) မှာ ဆရာမငြိမ်းနဲ့ အဓိကာရတို့ ဆွေးနွေးထားတာကတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လူ့ဂုဏ်သိက္ခာ၊ ဘယ်လိုရပိုင်ခွင့်တွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ထဲမှာ အကျုံးဝင်လဲ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ ဘာကြောင့်မို့ အရေးကြီးတာလဲ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကားဟာ ဘယ်လိုကွာခြားလဲ စတဲ့ အကြောင်းအရာတွေပဲ…

Season 2 Episode 6 : အမုန်းစကားနဲ့ သတင်းတု/သတင်းမှားများ

Season 2 Episode 6 : အမုန်းစကားနဲ့ သတင်းတု/သတင်းမှားများ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ရဲ့ Episode 6 ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီအပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အစဥ်တစိုက် အရေးတကြီး ကိစ္စတရပ်ဖြစ်ခဲ့တဲ့ အမုန်းစကားနဲ့ သတင်းတု/သတင်းမှားတွေ အကြောင်းကို ဆွေးနွေးထားပါတယ်။ ဒီအပိုင်းမှာ အဓိကာရကို လာရောက်ဆွေးနွေးပေးသူကတော့ အမုန်းစကားနဲ့ သတင်းတု/မှားတွေကို စောင့်ကြည့်လေ့လာနေသူ သုတေသီတဦးဖြစ်တဲ့ မ Grace ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးမှုမှာ မ Grace က အမုန်းစကားဆိုတာဘာလဲ၊ မြန်မာနိုင်ငံမှာ တွေ့ရများတဲ့…