လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကား (အပိုင်း ၁)

အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုပါတယ်။​ ဒီတပတ်မှာတော့ အဓိကာရပေါ့ကတ်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကားဆိုတဲ့ အကြောင်းကို ဆွေးနွေးဖို့ ရွေးချယ်ထားပါတယ်။ ဒီအကြောင်းလာရောက်ဆွေးနွေးသူကတော့ လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းနေသူ ဆရာမ ငြိမ်း ဖြစ်ပါတယ်။ ဒီတပတ် အပိုင်း(၁) မှာ ဆရာမငြိမ်းနဲ့ အဓိကာရတို့ ဆွေးနွေးထားတာကတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လူ့ဂုဏ်သိက္ခာ၊ ဘယ်လိုရပိုင်ခွင့်တွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ထဲမှာ အကျုံးဝင်လဲ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ ဘာကြောင့်မို့ အရေးကြီးတာလဲ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကားဟာ ဘယ်လိုကွာခြားလဲ စတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကား (အပိုင်း ၂)​

ဒီတပတ်မှာတော့ လူ့အခွင့်အရေးပေါ့ကတ် Episode 7 မှာ ဆွေးနွေးနေတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အမုန်းစကားဆိုတဲ့ ခေါင်းစဥ်ရဲ့ အပိုင်း ၂ ကို ရောက်လာခဲ့ပါပြီ။ ဒီအပိုင်းမှာတော့ လူမှုသဟဇာတရေး ကြိုးပမ်းနေသူ ဆရာမငြိမ်းက အဓိကာရကို လာရောက်ပြီး ဆွေးနွေးဖြစ်တာကတော့။ နိုင်ငံတကာစံနှုန်းတွေ၊ နိုင်ငံတကာဥပဒေအရ တားမြစ်ရမယ့် အမုန်းစကားဆိုတာ ဘယ်လို ထုတ်ဖော်ပြောဆိုမှုမျိုးလဲ၊ သတင်းမှား၊​ သတင်းတုဖြန့်ဝေမှု (Misinformation/Disinformation) အားကောင်းလာတဲ့ ခေတ်မှာ ဘယ်လိုကိုင်တွယ်တုံ့ပြန်ကြမလဲဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။