Season 2 Episode 6 : အမုန်းစကားနဲ့ သတင်းတု/သတင်းမှားများ

အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ရဲ့ Episode 6 ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီအပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အစဥ်တစိုက် အရေးတကြီး ကိစ္စတရပ်ဖြစ်ခဲ့တဲ့ အမုန်းစကားနဲ့ သတင်းတု/သတင်းမှားတွေ အကြောင်းကို ဆွေးနွေးထားပါတယ်။ ဒီအပိုင်းမှာ အဓိကာရကို လာရောက်ဆွေးနွေးပေးသူကတော့ အမုန်းစကားနဲ့ သတင်းတု/မှားတွေကို စောင့်ကြည့်လေ့လာနေသူ သုတေသီတဦးဖြစ်တဲ့ မ Grace ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးမှုမှာ မ Grace က အမုန်းစကားဆိုတာဘာလဲ၊ မြန်မာနိုင်ငံမှာ တွေ့ရများတဲ့ အမုန်းစကားတွေဟာ ဘယ်လိုပုံစံတွေရှိကြလဲ၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမုန်းစကားတွေနဲ့ သတင်းတု/မှားတွေဟာ ဘယ်လိုပုံစံ ပြောင်းလဲမှု ရှိလာသလဲ၊ အမုန်းစကားတွေကို အဓိက ထုတ်လုပ်ဖြန့်ဝေနေသူတွေဟာ ဘယ်သူတွေလဲ၊ အမုန်းစကားတွေကို ဘယ်လို တုံ့ပြန်မလဲဆိုတဲ့အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။