နိုင်ငံသားဖြစ်ခွင့် (အပိုင်း ၁)

ဒီတပတ်မှာ ကျရောက်တဲ့ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ရဲ့ Season 2၊ Episode 4 မှာတော့ လူ့အခွင့်အရေးကြေညာစာတမ်းပါ ရပိုင်ခွင့်တခုဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့် (right to citizenship) ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့်အကြောင်းခေါင်းစဥ်နဲ့ ဆွေးနွေးချက် အပိုင်း ၁ မှာတော့ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်တဲ့ နိုင်ငံတကာစံနှုန်းတွေဟာ ဘာတွေရှိလဲ၊ ကမ္ဘာပေါ်မှာ နိုင်ငံမဲ့သူတွေများစွာရှိနေတာဟာ ဘာကြောင့်လဲ၊ လက်ရှိကမ္ဘာမှာ လူသားပေါင်းများစွာ နိုင်ငံမဲ့ဖြစ်စနေကြတဲ့ အခြေအနေတွေဟာ ဘယ်လိုရှိနေလဲ၊ နိုင်ငံမဲ့ဆိုတာဟာ နိုင်ငံမရှိတဲ့သူကို ဆိုလိုတာလား စတဲ့ အကြောင်းအရာတွေကို နိုင်ငံသားဖြစ်ခွင့်အရေး အသိပညာပေးနဲ့ သုတသနလုပ်ငန်းတွေ လုပ်ဆောင်နေသူ မသီရိက အဓိကာရကို လာရောက်ပြီး ဆွေးနွေးထားပါတယ်။

နိုင်ငံသားဖြစ်ခွင့် (အပိုင်း ၂)

အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ရဲ့ Season 2, Episode 4 မှာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတဦးဖြစ်တဲ့ မသီရိကိုဖိတ်ကြားပြီး နိုင်ငံသားဖြစ်ခွင့်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးနေတာရဲ့ အပိုင်း ၂ ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီတပတ် အပိုင်း ၂ မှာတော့ မြန်မာနိုင်ငံအတွင်းမှာ မှတ်ပုံတင်ကတ်စနစ်မှာ ဘာသာရေးပေါ် မူတည်ပြီး ဘယ်လိုခွဲခြားမှု စနစ်တွေ ရှိနေလဲ။ ရိုဟင်ဂျာတွေ အပါအဝင် ဘာသာရေး၊ လူမျိုးရေး လူနည်းစုတွေအပေါ် ဘယ်လို ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့နေရသလဲဆိုတာကို ဆွေးနွေးထားပါတယ်။

နိုင်ငံသားဖြစ်ခွင့် (အပိုင်း ၃)

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတဦးဖြစ်တဲ့ မသီရိနဲ့ အဓိကာရတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးလာခဲ့တာ နောက်ဆုံးအပိုင်းကို ရောက်ရှိလာခဲ့ပါပြီ။ ဒီအပိုင်းမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရိုဟင်ဂျာအပေါ် ဘယ်လို အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်လာခဲ့သလဲ၊ ရိုဟင်ဂျာတွေဟာ စစ်တပ်ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် ဘယ်လို အသုံးချခံနေရလဲဆိုတာကို ဆက်လက်ဆွေးနွေးထားပါတယ်။