Season 2 Episode 18 - အမျိုးသမီးများအပေါ် အမုန်းစကား

အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတပတ်မှာတော့ အပတ်စဥ် ထုတ်လွှင့်လာခဲ့တဲ့ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂ (Season 2) ရဲ့ နောက်ဆုံးအပိုင်းကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတပတ် အပိုင်း ၁၈၊ Episode 18 မှာ အမျိုးသမီးများအပေါ် အမုန်းစကားဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်ကို ဖိတ်ခေါ်ထားပါတယ်။ ဒီတပတ်ဆွေးနွေးချက်တွေထဲမှာတော့ အမုန်းစကားရဲ့ အဓိပ္ပာယ်၊ အမျိုးသမီးတွေအပေါ် ပြောဆိုတိုက်ခိုက်နေကြတဲ့ အမုန်းစကားတွေရဲ့ ပုံစံတွေနဲ့ လူ့အဖွဲ့အစည်းအပေါ် အဲဒီအမုန်းစကားတွေရဲ့ သက်ရောက်မှုတွေ၊ တော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေအပေါ် အမုန်းစကားပုံစံတွေနဲ့ လူထုရဲ့ အမြင်ပြောင်းလဲမှုတွေနဲ့ အမုန်းစကားတွေကို ဘယ်လိုတုံ့ပြန်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို မသဥ္ဇာရွှန်းလဲ့ရည်က ဆွေးနွေးထားပါတယ်။