Season 2 Episode 16: မသန်စွမ်းမှုကို နားလည်ခြင်း

အပတ်စဥ် ပုံမှန်ထုတ်လွှင့်နေကျ အဓိကာရလူ့အခွင့်အရေးပေါ့ကတ်ကနေ ကြိုဆိုပါတယ်။ ဒီတပတ်မှာ အဓိကာရလူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၆ ကို ရောက်ရှိလာပါပြီ။ ဒီတပတ်မှာ ဆွေးနွေးဖို့ ရွေးချယ်ထားတဲ့ ခေါင်းစဥ်ကတော့ “မသန်စွမ်းမှုကို နားလည်ခြင်း”ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဆွေးနွေးဖို့ ဖိတ်ခေါ်ထားသူကတော့ အကြားအာရုံမသန်စွမ်းသူတဦးဖြစ်တဲ့ ကိုညီမောင်ပဲ​ ဖြစ်ပါတယ်။ ဒီတပတ် လူ့အခွင့်အရေးပေါ့ကတ် အပိုင်း ၁၆ မှာ ကိုညီမောင်က မသန်စွမ်းမှုဆိုတာ ဘာကို ဆိုလိုတာလဲ၊ မသန်စွမ်းမှုအပေါ် လူတွေ ဘယ်လို အမြင်လွဲ၊ နားလည်မှု လွဲနေကြလဲ၊ မသန်စွမ်းသူတွေနဲ့ ဆက်ဆံရာမှာ သန်စွမ်းသူတွေဟာ ဘယ်လိုမျိုး ပုံစံမျိုးနဲ့ ဆက်ဆံတာမျိုးက မသန်စွမ်းသူတွေကို လေးစားရာ ရောက်သလဲ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။