Season 2 Episode 15: လူ့အခွင့်အရေးနဲ့ သတင်းစာပညာ (အပိုင်း ၁)
အားလုံးကျန်းမာကြပါရဲ့လား။ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၅ ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတပတ် လူ့အခွင့်အရေးပေါ့ကတ် အပိုင်း ၁၅ မှာ ဆွေးနွေးဖို့ ရွေးချယ်ထားတဲ့ ခေါင်းစဥ်ကတော့ လူ့အခွင့်အရေးနဲ့ သတင်းစာပညာပဲ ဖြစ်ပါတယ်။ ဒီပေါ့ကတ်မှာ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ရဲ့ ပုံမှန်မေးမြန်းတင်ဆက်သူ ပိုင်သက်က မေးမြန်းထားပြီး အလွတ်တန်းသတင်းထောက် တဦးဖြစ်တဲ့ နော်ဘတ်တီဟန်က ဆွေးနွေးဖြေကြားထားပါတယ်။ ဒီတပတ် လူ့အခွင့်အရေးနဲ့ သတင်းစာပညာ ဆွေးနွေးချက်ရဲ့ ပထမပိုင်းမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အများပြည်သူအတွက် ဖော်ထုတ်တင်ပြရမှာ သတင်းစာပညာရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရေးသားဖော်ထုတ်တင်ပြရာမှာ သတင်းသမားတွေ ကိုင်စွဲသင့်မယ့် ကျင့်ဝတ်နဲ့ သတင်းမီဒီယာတွေဟာ လူထုရဲ့ အမြင်တွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်လဲဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။
Season 2 Episode 15: လူ့အခွင့်အရေးနဲ့ သတင်းစာပညာ (အပိုင်း ၂)
ဒီတပတ်မှာတော့ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂ အပိုင်း ၁၅ မှာ အလွတ်တန်းသတင်းထောက် နော်ဘတ်တီဟန်နဲ့ ဆွေးနွေးထားတာရဲ အဆက်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ သတင်းစာပညာလို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးချက် ဒုတိယပိုင်းမှာတော့ နော်ဘတ်တီဟန်က သတင်းသမားတွေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု၊ အခက်အခဲတွေ၊ သတင်းမှန်ကန်မှုအပေါ် ပဋိပက္ခနဲ့ အာဏာရှင်စနစ်ရဲ့ သက်ရောက်မှုတွေနဲ့ တော်လှန်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရေးသားထုတ်ဖော်ရာမှာ စုံလင်ကွဲပြားတဲ့ အုပ်စုတွေမှာ ဖြစ်နေတာတွေကို သတင်းထုတ်ဖော်နေတာနဲ့ပတ်သက်တဲ့ အခြေအနေတွေကို ဆွေးနွေးထားပါတယ်။
Season 2 Episode 15: လူ့အခွင့်အရေးနဲ့ သတင်းစာပညာ (အပိုင်း ၂)
ဒီတပတ်မှာတော့ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂ အပိုင်း ၁၅ မှာ အလွတ်တန်းသတင်းထောက် နော်ဘတ်တီဟန်နဲ့ ဆွေးနွေးထားတာရဲ့ နောက်ဆုံးပိုင်းကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ သတင်းစာပညာလို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးချက် နောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီတတိယပိုင်းမှာတော့ နော်ဘတ်တီဟန်က ၂၀၂၁ အာဏာသိမ်းမှု မတိုင်ခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေအတွင်း သတင်းမီဒီယာလောကရဲ့ အခြေအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ပြောင်းလဲလာတဲ့ အခြေအနေတွေ၊ ၂၀၂၁ နောက်ပိုင်း သတင်းဌာနတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှု အခြေအနေတွေနဲ့ တော်လှန်ရေးကာလအတွင်းသတင်းသမားတွေကိုယ်တိုင် သတင်းမီဒီယာလောကအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ၊ ခေါင်းပုံဖြတ်ခံနေရတာတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာတွေကို ပြန်လည်ဖော်ထုတ်ဖို့ ခက်ခဲနေတာတွေ၊ စိန်ခေါ်မှုကြုံနေရတာတွေ၊ ဖိနှိပ်ခံနေရတာတွေ အကြောင်းကိုအဓိက ဆွေးနွေးထားပါတယ်။