Season 2 Episode 14 : မြန်မာလူမှုအသိုက်အဝန်းကြားထဲမှာ LGBTQI+ တွေအပေါ်ကို အစဉ်တစိုက်လုံးပြောခဲ့တဲ့ အမုန်းစကားများ(အပိုင်း ၁)
အဓိကာရ လူ့အခွင့်အရေး ပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတပတ်မှာတော့ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၄မှာ ရွေးချယ်ထားတဲ့ “မြန်မာလူမှုအသိုက်အဝန်းကြားထဲမှာ LGBTQI+ တွေအပေါ်ကို အစဉ်တစိုက်လုံးပြောခဲ့တဲ့ အမုန်းစကားများ” ဆိုတဲ့ ခေါင်းစဥ်ရဲ့ ပထမ ပိုင်းကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ လာရောက်ဆွေးနွေးထားသူကတော့ ကွီးယား-ဘားမား Page မှာ စာရေးသူ တဦးဖြစ်တဲ့ ဆရာ အောင်ဇော်မျိုး ပဲ ဖြစ်ပါတယ်။ ဒီတပတ်မှာ ထုတ်လွှင့်မယ့် ဒီပေါ့ကတ်ရဲ့ ပထမ ပိုင်းမှာတော့ LGBTQI+ တွေကို ကိုယ်စား ပြု သုံးနှုန်းတဲ့ အခေါ် အခေါ် အဝေါ် တွေ ရဲ့ သဘောသဘာဝကစလို့ LGBTQI+ တွေအပေါ်ကို အစဉ်တစိုက်လုံးပြောခဲ့တဲ့အမုန်းစကားတွေရဲ့ သက်ရောက်မှုက လူအဖွဲ့အစည်းမှာ ဘယ်လောက်ထိ ထိခိုက်မှုရှိခဲ့လဲ ဆိုတာမျိုး နဲပတ်သက်တဲ့ အကြောင်းအရာတွေ ရယ်၊ အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း ကာလ မှာ LGBT တွေ အပေါ် ထားတဲ့ လူထုရဲ့ အမြင် တွေက ပြောင်းလဲ လာသလား၊ နောက်ပီး ဒီလို အမုန်းစကား တွေးရဲ့တည်ရှိမှု ပုံစံတွေကကော ဘယ်လိုမျိုး ပြောင်းလဲသွားတာ ရှိသလဲ ဆိုတဲ့ အကြောင်း အရာတွေကို ဆွေးနွေးထားပါတယ်။
Season 2 Episode 14 : မြန်မာလူမှုအသိုက်အဝန်းကြားထဲမှာ LGBTQI+ တွေအပေါ်ကို အစဉ်တစိုက်လုံးပြောခဲ့တဲ့ အမုန်းစကားများ(အပိုင်း ၂)
ဒီတပတ်မှာ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၄ မှာ ရွေးချယ်ထားတဲ့ “မြန်မာလူမှုအသိုက်အဝန်းကြားထဲမှာ LGBTQI+ တွေအပေါ်ကို အစဉ်တစိုက်လုံးပြောခဲ့တဲ့ အမုန်းစကားများ” ဆိုတဲ့ ခေါင်းစဉ်ရဲ့ ဒုတိယ ပိုင်းကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ လာရောက်ဆွေးနွေးထားသူကတော့ ကွီးယား-ဘားမား Page မှာ စာရေးသူ တဦးဖြစ်တဲ့ ဆရာ အောင်ဇော်မျိုးပဲ ဖြစ်ပါတယ်။ ဒီပေါ့ကတ်ရဲ ဒုတိယပိုင်းမှာ ဆရာအောင်ဇော်မျိုးရဲ့ ဆွေးနွေးချက်တွေထဲက အချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ LGBT တွေကို အမုန်းစကားတွေနဲ့ တိုက်ခိုက်ကြတဲ့ နေရာမှာ မကောင်းတဲ့ အရာတခုခုနဲ့ ဥပမာပေး ခိုင်းနှိုင်းကြတာမျိုး၊ နှိမ့်ကျတဲ့ လုပ်ရပ်တခုခုနဲ့ ခိုင်းနှိုင်းကြတာမျိုးတွေနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေ၊ အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်းမှာဆိုရင် LGBTI တွေနဲ့ ပတ်သပ်ပြီး တွေ့ရတဲ့ ရပ်တည်ချက်၊ လုပ်ရပ်ကိုပဲ ဝေဖန်တာမျိုး မဟုတ်ပဲ လူတယောက်ရဲ လိင်စိတ်ခံယူမှု၊ ဖြစ်တည်မှုကို ပစ်မှတ်ထားပြီး ထိုးနှက်ကြတာမျိုးတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေ အပါအဝင်၊ အမုန်းစကားတွေကို ဘယ်လိုတုံ့ပြန်သင့်တယ် ဆိုတဲ့ အကြံပြုချက်တွေ စတဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။