Season 2 Episode 12 : ကြားကာလ လူငယ်တွေအတွက် ပညာရေး (အပိုင်း ၁)
အဓိကာရလူ့အခွင့်အရေးပေါ့ကတ် ပရိသတ်တွေအားလုံး နေကောင်းကြပါရဲ့လား။ ဒီတပတ်မှာတော့ အဓိကာရလူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၂ ကို ရောက်လာခဲ့ပါပြီ။ ဒီတပတ်မှာ ဆွေးနွေးဖို့ ရွေးချယ်ထားတဲ့ ခေါင်းစဥ်ကတော့ “ကြားကာလ လူငယ်တွေအတွက် ပညာရေး”ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို လာရောက်ဆွေးနွေးပြောကြားသူကတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ကိုဟေမာန် ဖြစ်ပါတယ်။ ဒီအကြောင်းအရာဆွေးနွေးထားတဲ့ ပထမပိုင်းမှာတော့ မြန်မာနိုင်ငံသမိုင်းကြောင်းမှာ အာဏာရှင်စနစ်ကို တော်လှန်ခဲ့တဲ့ ကျောင်းသားတွေရဲ့ ပညာရေးလှုပ်ရှားမှုတွေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးမှာ စစ်အုပ်စုကို တော်လှန်နေတဲ့ ပညာရေးလှုပ်ရှားမှုအကြောင်း၊ လက်ရှိ ဖော်ဆောင်နေဆဲ ကြားကာလ၊ တော်လှန်ရေးကာလ ပညာရေးစနစ်တွေအကြောင်းကို ကိုဟေမာန်က ဆွေးနွေးထားပါတယ်။
Season 2 Episode 12 : ကြားကာလ လူငယ်တွေအတွက် ပညာရေး (အပိုင်း ၂)
အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၂ မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ကိုဟေမာန်နဲ့ ဆွေးနွေးထားတဲ့ ကြားကာလ လူငယ်တွေအတွက် ပညာရေးဆိုတဲ့ ဆွေးနွေးချက်ရဲ့ ဒုတိယပိုင်းကို ဒီနေ့မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ကိုဟေမာန်က ကြားကာလ၊ တော်လှန်ရေးကာလမှာ ဖော်ဆောင်ရတဲ့ ပညာရေးစနစ်မှာ ဘယ်လိုကျောင်းသားတွေတက်ရောက်နိုင်မလဲ၊ ဘာတွေသင်ကြားနေလဲ၊ နိုင်ငံတကာခရက်ဒစ်စနစ်နဲ့ ဘယ်လိုချိတ်ဆက်နေလဲဆိုတာအကြောင်း၊ ကြားကာလပညာရေးဖော်ဆောင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေအကြောင်းနဲ့ နောင်တချိန် အနာဂတ်ပညာရေးစနစ်အတွက် အောက်ခြေကနေဖော်ဆောင်နေတဲ့ ကြားကာလပညာရေးရဲ့ အရေးကြီးမှုတွေကို ဆွေးနွေးထားပါတယ်။