Season 2 Episode 11: ဒစ်ဂျစ်တယ် အာဏာသိမ်းမှု (အပိုင်း ၁)

အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ကို ထုတ်လွှင့်လာခဲ့တာ ဒီတပတ်မှာဆိုရင်တော့ အတွဲ ၂၊ အပိုင်း ၁၁ ကို ရောက်ရှိလာခဲ့ပါပြီ။ တပိုင်းနဲ့တပိုင်း မတူညီတဲ့ အကြောင်းအရာတွေကို ဆွေးနွေးလာတာမှာ ဒီတပတ်မှာဆွေးနွေးဖြစ်တာကတော့ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနဲ့အတူ ဖြစ်လာတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်အာဏာသိမ်းမှုအကြောင်းပဲ ဖြစ်ပါတယ်။ ဒါအကြောင်းကို ဆွေးနွေးဖို့ ဖိတ်ခေါ်ထားသူကတော့ ဒစ်ဂျစ်တယ်လုံခြုံရေးကျွမ်းကျင်သူ မနန္ဒာပဲ​ဖြစ်ပါတယ်။ ဒီတပတ် အဓိကာရပေါ့ကတ် ဒစ်ဂျစ်တယ်အာဏာသိမ်းမှုဆိုတဲ့ ခေါင်းစဥ်ရဲ့ ပထမပိုင်းမှာတော့ ၂၀၂၁ အာဏာသိမ်းမှုနဲ့အတူ ရှိလာတဲ့ ဒစ်ဂျစ်တယ်အာဏာသိမ်းမှုအကြောင်း၊ အင်တာနက်နဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေအပေါ် စစ်တပ်ရဲ့ ကန့်သတ်ဖိနှိပ်မှုတွေဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘယ်လိုဆက်စပ်နေသလဲ၊ တော်လှန်ရေးဘက်အခြမ်းမှာဆိုရင်လည်း အင်တာနက်ပလက်ဖောင်းကို အသုံးချပြီး တော်လှန်ရေးဘက်တော်သားတွေနဲ့ Gen Z တွေဟာ ဘယ်လိုမျိုး အကျိုးရှိအောင် လုပ်ဆောင်နေလဲဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

Season 2 Episode 11: ဒစ်ဂျစ်တယ် အာဏာသိမ်းမှု (အပိုင်း ၂)

ဒီတစ်ပတ် အဓိကာရ လူ့အခွင့်အရေး ပေါ့ကတ် အတွဲ(၂) အပိုင်း၁၁ မှာ ဆွေးနွေးထားတဲ့ ဒီဂျစ်တယ်အာဏာသိမ်းမှု ဆိုတဲ့ခေါင်းစဥ်ရဲ့ဒုတိယပိုင်းကို ထုတ်လွှင့်ဖို့အချိန်ရောက်လာပါပြီ။ ဒီဂျစ်တယ် အာဏာသိမ်း​မှု ဆိုတဲ့ဆွေးနွေးချက်ရဲ့ဒုတိယပိုင်းမှာတော့ ဒီဂျစ်တယ် လုံခြုံရေးကျွမ်းကျင်သူ မနန္ဒာက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ICTလုပ်ငန်းတွေ ကော်ပိုရိတ်တွေ အနေနဲ့ ကြံရာပါ အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေတဲ့အခြေအနေတွေနဲ့ ပြည်ပနည်းပညာကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍတွေအကြောင်းကိုဆွေးနွေးထားသလို တော်လှန်ရေးအတွင်းမှာ ပါဝင်ဆောင်ရွက်နေသူတွေ အနေနဲ့ ဒီဂျစ်တယ်လုံခြုံရေးအတွက် လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တွေကိုပါ ဆွေးနွေးထားပါတယ်။