Season 2 Episode 10: ကိုတင့်နှင့် စကားစမြည် (အပိုင်း၁)

အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၀ ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီတပတ်မှာတော့ လူ့အခွင့်အရေးနဲ့အကြောင်းအရာ ခေါင်းစဥ်တခုကို သီးသန့်ဆွေးနွေးတာမျိုးမဟုတ်ဘဲ​ အပြောင်းအလဲဖြစ်အောင် တော်လှန်ရေးကာလအတွင်းမှာ ကြုံတွေ့ဖြတ်သန်းခဲ့မှုအကြောင်းကို စကားစမြည်အနေနဲ့ ဆွေးနွေးသွားဖို့ ရွေးချယ်ထားပါတယ်။ ဒီတပတ်မှာ ပြောတဲ့ ခေါင်းစဥ်ကတော့ “ကိုတင့်နဲ့ စကားစမြည်”လို့ အမည်ရပြီး တော်လှန်ရေးရေဒီယိုတခုဖြစ်တဲ့ ဖက်ဒရယ်အက်ဖ်အမ် (Federal FM) ရဲ့ တည်ထောင်သူ ကိုတင့်က အဓိကာရနဲ့ ဆွေးနွေးထားပါတယ်။ ကိုတင့်နဲ့စကားစမြည်ရဲ့ ပထမပိုင်းမှာတော့ တော်လှန်ရေးကာလအတွင်းမှာ ဘာကြောင့် ဖက်ဒရယ်အက်ဖ်အမ်ကို တည်ထောင်ခဲ့တာလဲ၊ ဘယ်လို အခက်အခဲတွေ တွေ့ကြုံခဲ့ရလဲ၊ ဖက်ဒရယ်ဆိုတဲ့ အမည်ဟာ ဘယ်လိုဖြစ်တည်လာခဲ့တာလဲ၊ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်ထားတဲ့ တော်လှန်ရေးကာလအတွင်းမှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းအပြင် အော့(ဖ်)လိုင်းပလက်ဖောင်းတခုဖြစ်တဲ့ ရေဒီယိုရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုရှိလဲ၊ ပြည်သူတွေဟာ ရေဒီယိုတွေကနေ သတင်းအချက်အလက်တွေ နားထောင်နေသေးလား စတဲ့ အကြောင်းအရာတွေကို စကားစမြည်ပြောထားပါတယ်။

Season 2 Episode 10: ကိုတင့်နှင့် စကားစမြည် (အပိုင်း၂)

အဓိကာရလူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၀ မှာ ဆွေးနွေးထားတဲ့ ကိုတင့်နဲ့ စကားစမြည်လို့ အမည်ရတဲ့ ဆွေးနွေးမှုရဲ့ ဒုတိယပိုင်းကို ဒီတပတ်မှာ ထုတ်လွှင့်တင်ဆက်မှာ ဖြစ်ပါတယ်။ ပထမအပိုင်းမှာတုန်းက သတင်းစားသုံးမှုနဲ့ ဖက်ဒရယ်အမ်(ဖ်)အမ် တည်ထောင်ခဲ့တာနဲ့ပတ်သက်တဲ့ အပိုင်းကို ဆွေးနွေးခဲ့ပြီး ဒီတပတ် ဒုတိယအပိုင်းမှာတော့ တော်လှန်ရေးကာလအတွင်း ဗမာလူမျိုးတယောက်ရဲ့ အတွေးအမြင်တွေကို အဓိက ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဗမာလူမျိုးတယောက်ရဲ့ လူနည်းစုမျိုးနွယ်တွေအပါ်အမြင်၊ လူများစုဖြစ်တဲ့ ဗမာလူမျိုးတယောက်အနေနဲ့ တော်လှန်ရေးကာလအတွင်း လူနည်းစုလူမျိုးတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ဘယ်လို ညှိနှိုင်းမှုတွေလုပ်ခဲ့ရလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ကျော်ဖြတ်ခဲ့သလဲ၊ ဗမာတယောက်အနေနဲ့ လူမျိုးကြီးဝါဒကို ဘယ်လိုမြင်လဲ​ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။
 
မှတ်ချက်။ ။ ဒီပေါ့ကတ်မှာ အနည်းငယ်ရင့်သီးတဲ့ စကားလုံးအချို့ သုံးစွဲထားပါတယ်။