Season 2 Episode 8: လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍ (အပိုင်း ၁)

အားလုံးပဲ အဓိကာရ ပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ အချို့ အခက်အခဲတွေကြောင့် ခဏတာ နားခဲ့ရတဲ့ လူ့အခွင့်အရေးပေါ့ကတ်ကို ဒီတပတ်မှာ ပြန်လည် ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်။ ဒီတပတ် အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၈ (Season 2, Episode 08) မှာ ဖိတ်ကြားထားသူကတော့ မြန်မာနိုင်ငံ Reuters သတင်းထောက်တဦးလည်းဖြစ်၊ သတင်းသမားသုတေသီတဦးလည်းဖြစ်တဲ့ မသူသူအောင် ဖြစ်ပါတယ်။ မသူသူအောင်နဲ့ အဓိကာရတို့ ဆွေးနွေးထားတဲ့ ခေါင်းစဥ်ကတော့ လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍပဲ​ဖြစ်ပါတယ်။ ဒီအပတ် အပိုင်း ၈ ရဲ့ ပထမပိုင်းမှာတော့ သတင်းတယောက်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြောင်းကို သတင်းရယူ၊ ရေးသားရာမှာ ဘယ်လို စိန်ခေါ်မှု၊ အခက်အခဲ၊ ခြိမ်းခြောက်မှုတွေကို ကြုံရသလဲ၊ အမျိုးသားရေးအစွန်းရောက်ဝါဒကို အခြေခံတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို သတင်းရယူ၊ ရေးသားရာမှာ ဘယ်လို စိန်ခေါ်မှု၊ အခက်အခဲ၊ ခြိမ်းခြော်ကမှုတွေကို ကြုံရလဲ။ ဒါ့အပြင် အမျိုးသမီးသတင်းထောက်တဦးအနေနဲ့ အမျိုးသားတွေနဲ့ မတူတဲ့ ဘယ်လို စိန်ခေါ်မှု၊ စော်ကားမှုတွေကို ကြုံတွေ့ရသလဲဆိုတာကို မေးမြန်းဆွေးနွေးထားပါတယ်။

Season 2 Episode 8: လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍ (အပိုင်း ၂)

လူမှုပဋိပက္ခများနှင့် မီဒီယာ၏ အခန်းကဏ္ဍဆိုတဲ့ ခေါင်းစဥ်နဲ့ မြန်မာနိုင်ငံ Reuters သတင်းထောက် မသူသူအောင်နဲ့ အဓိကာရပေါ့ကတ်ရဲ့ ဆွေးနွေးမှု ဒုတိယပိုင်းကို ရောက်လာခဲ့ပါပြီ။ ဒီအပိုင်းမှာတော့ ၂၀၁၇ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုအပေါ် သတင်းသမားတယောက်ရဲ့ အမြင်၊ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အရမ်းမြင့်မားတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာအနေနဲ့ ပဋိပက္ခကို တင်ပြရေးသားရာမှာ ထိရှလွယ်ပဋိပက္ခသတင်းရေးသားမှု (Conflict Sensitive Reporting) နဲ့အညီ ပဋိပက္ခမီး ထပ်မပွားအောင် ရေးသားခြင်းနဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျှော့ပေါ့ရေးသားမှု မဖြစ်အောင် ဘယ်လို ဟန်ချက်ထိန်းမလဲ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ရာမှာ သတင်းရေးသားမှုနဲ့ သုတသနလုပ်တာနဲ့ကြားက ကွာခြားချက်ဟာ ဘာတွေများလဲ စတဲ့ အကြောင်းအရာတွေ ဆွေးနွေးထားပါတယ်။