Season 2 Episode 13 : ပဋိပက္ခအတွင်း ဂျာနယ်လစ်တွေအတွက် အကာအကွယ် (အပိုင်း ၁)
အဓိကာရ လူ့အခွင့်အရေး ပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတပတ်မှာတော့ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၃ ကို ရောက်ရှိခဲ့ပါပြီ။ ဒီတပတ်မှာ ဆွေးနွေးဖို့ရွေးချယ်ထားတဲ့ အကြောင်းအရာကတော့ ပဋိပက္ခအတွင်း ဂျာနယ်လစ်တွေအတွက် အကာအကွယ်ဆိုတဲ့ ခေါင်းစဥ်ပဲ ဖြစ်ပါတယ်။ လာရောက်ဆွေးနွေးထားသူကတော့ မြန်မာ့မီဒီယာအမျိုးသမီးများအဖွဲ့ကို တည်ထောင်သူ မမေ ပဲ ဖြစ်ပါတယ်။ ဒီတပတ်မှာ ထုတ်လွှင့်မယ့် ဒီပေါ့ကတ်ရဲ့ ပထမပိုင်းမှာတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း သတင်းစာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေ၊ သတင်းမီဒီယာလုပ်ငန်းအပေါ် ရိုက်ခတ်ပြောင်းလဲမှုတွေနဲ့ သတင်းသမားတွေကြုံတွေ့လာရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ အန္တရာယ်တွေအပြင် အမျိုးသမီးသတင်းသမားတွေ ကြုံတွေ့ရတဲ့ ဂျန်ဒါအခြေပြု စိန်ခေါ်မှု၊ ခြိမ်းခြောက်မှု၊ ဘေးအန္တရာယ်တွေကို ဆွေးနွေးထားပါတယ်။
Season 2 Episode 13 : ပဋိပက္ခအတွင်း ဂျာနယ်လစ်တွေအတွက် အကာအကွယ် (အပိုင်း ၂)
အဓိကာရ လူ့အခွင့်အရေး ပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတပတ်မှာတော့ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၃ မှာ ရွေးချယ်ထားတဲ့ ပဋိပက္ခအတွင်း ဂျာနယ်လစ်တွေအတွက် အကာအကွယ်ဆိုတဲ့ ခေါင်းစဥ်ရဲ့ ဒုတိယပိုင်းကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ လာရောက်ဆွေးနွေးထားသူကတော့ မြန်မာ့မီဒီယာအမျိုးသမီးများအဖွဲ့ကို တည်ထောင်သူ မမေ ပဲ ဖြစ်ပါတယ်။ ဒီတပတ်မှာ ထုတ်လွှင့်မယ့် ဒီပေါ့ကတ်ရဲ့ ဒုတိယပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းရယူမှုမှာ citizen journalist တွေရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍနဲ့ မြန်မာနိုင်ငံအတွင်း စစ်အုပ်စုလက်အောက်က မီဒီယာသမားတွေ ဖမ်းဆီးထိန်းသိမ်း၊ သတ်ဖြတ်ခံရမှုတွေအကြောင်းကို ဆွေးနွေးထားပါတယ်။