Rule of Law Episode 6: စစ်သုံ့ပန်း

အဓိကာရ Rule of Law ဥပဒေဆိုင်ရာ ပေါ့ကတ်ရဲ့ Episode 6 ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီတပတ်မှာ ဆွေးနွေးထားတဲ့ ခေါင်းစဥ်ကတော့ စစ်သုံ့ပန်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားရာမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဟာ တရားစီရင်မှုကို ခံယူရမယ့်သူတွေဖြစ်နေနိုင်ပေမဲ့ လူသားတယောက်နဲ့ စစ်သုံ့ပန်းတွေ ရရှိရထိုက်တဲ့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ဒီတပတ်မှာတော့ တရားလွှတ်တော်ရှေ့နေတဦးလည်းဖြစ်တဲ့ တင်ဆက်သူ ကိုဟယ်ရီနဲ့ လာရောက်ဆွေးနွေးသူ ကိုပိုင်သက်တို့က ဆွေးနွေးထားပါတယ်။