Rule of Law Podcast Episode 5 : သမ္မတရာထူးလစ်လပ်ခြင်းနှင့် သမ္မတဖြစ်ပိုင်ခွင့်

ဒီတပတ် အဓိကာရ ဥပဒေဆိုင်ရာပေါ့ကတ်မှာ ဆွေးနွေးမယ့်အကြောင်းအရာကတော့ သမ္မတရာထူးလစ်လပ်ခြင်းနှင့် သမ္မတဖြစ်ပိုင်ခွင့် ဆိုတဲ့ ခေါင်းစဥ်ပဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတ ဖြစ်လာပြီး အရေးပေါ်အခြေအနေကြေညာတာဟာ ဥပဒေနဲ့ ညီသလား၊ မညီဘူးဆိုရင် ဘယ်လိုချိုးဖောက်မှုတွေ ဖြစ်သလဲ၊ နောက်ဆုံး ယာယီသမ္မတအမည်ခံထားတဲ့ မြင့်ဆွေက မင်းအောင်လှိုင်ကို ယာယီသမ္မတတာဝန်တွေကို လွှဲပြောင်းပေးအပ်တာဟာရော ဥပဒေနဲ့ ညီသလား စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။