သတင်းမီဒီယာနဲ့ ဥပဒေအကာအကွယ်

အဓိကာရ Rule of Law Podcast ရဲ့ Episode 3 မှာ ဒီတပတ်ဆွေးနွေးမယ့် ခေါင်းစဥ်ကတော့ သတင်းမီဒီယာနဲ့ ဥပဒေအကာအကွယ်ပဲ ဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးခန်းမှာ ROL ပေ့ါကတ်ရဲ့ ပင်တိုင်တင်ဆက်သူတဦးလည်း ဖြစ်သလို၊ တရားလွှတ်တော်ရှေ့နေတဦးလည်း ဖြစ်တဲ့ ကိုဟယ်ရီနဲ့ ပူးတွဲတင်ဆက်သူ ကိုပိုင်သက်တို့က ဆွေးနွေးထားပါတယ်။ ဆွေးနွေးချက်တွေကတော့ မီဒီယာတွေ၊ ဂျာနယ်လစ်တွေ၊ ပြည်သူလူထုတွေအတွက် သတင်းဖြန့်ဖြူးရာ၊ သတင်းဖတ်ရှုရာ အဓိကပလက်ဖောင်းဖြစ်တဲ့ လူမှုမီဒီယာတွေ အသုံးပြုလို့မရတော့အောင် VPN တွေကို ပိတ်လိုက်တာဟာ စစ်ကောင်စီမှာ တရားဝင်လုပ်ပိုင်ခွင့်ရှိသလား၊ စစ်ကောင်စီဟာ ဒီလိုမျိုး လုပ်ဆောင်ဖို့ တရားဝင်လုပ်ပိုင်ခွင့်အာဏာမရှိဘဲ လုပ်ဆောင်နေတာဟာ ဘယ်လို ပြစ်မှုမျိုး မြောက်နေသလဲ၊ သတင်းမီဒီယာသမားတွေဟာ ဘယ်လို မီဒီယာလွတ်လပ်ခွင့်ချိုးဖောက်မှုတွေနဲ့ ကြုံတွေ့နေကြရသလဲ၊ သတင်းမီဒီယာဥပဒေရဲ့ နဂိုကတည်းက ရှိနေတဲ့ အားနည်းချက်တွေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေအကြောင်းကို ဆွေးနွေးထားပါတယ်။