Episode 7 : What are National Human Rights Institutions (part 1)

နိုင်ငံတခုရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်မှု၊ လူ့အခွင့်အရေးမြှင့်တင်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးနိုင်ရေးအတွက် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (National Human Rights Institutions – NHRIs) ဆိုတာ အလွန် အရေးကြီးပါတယ်။ NHRIs တွေရဲ့သမိုင်းကြောင်းနဲ့ NHRIs တွေကို ဘယ်လို မူဝါဒတွေပေါ်အခြေခံပြီး အမှီအခိုကင်း လွတ်လပ်စွာ ရပ်တည်ဖို့ နိုင်ငံတကာစံနှုန်းတွေက ဘာတွေလဲဆိုတာနဲ့ပတ်သက်ပြီး ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ကိုရန်နိုင်ကို အဓိကာရ ဖိတ်ခေါ်မေးမြန်းဆွေးနွေးထားပါတယ်။

Episode 7 : What are National Human Rights Institutions (part 2)

ရှေ့ပြေးအသံအဖွဲ့က ကိုရန်နိုင်ကို ဖိတ်ခေါ်ပြီး နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (NHRI) တွေအကြောင်းကို ဆွေးနွေးခဲ့တာရဲ့ ဒုတိယပိုင်းကို တင်ဆက်ဖို့ အချိန်ရောက်လာပါပြီ။ ဒီတပတ်အပိုင်း ၂ မှာတော့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ဟာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (NHRI) တခုအနေနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းဖို့ကြိုးပမ်းမှု မတိုင်ခင်နဲ့ အာဏာသိမ်းဖို့ကြိုးပမ်းမှု နောက်ပိုင်း ရပ်တည်ချက်နဲ့ စွမ်းဆောင်ရည်တို့ကို ဆွေးနွေးထားသလို ပြောင်းလဲလာတဲ့ အခြေအနေအတွင်း လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) CSO Working Group on NHRI Burma-Myanmar ရဲ့ လုပ်ဆောင်ချက်တွေကို ဆွေးနွေးထားပါတယ်။