မျှတသော တရားစီရင်မှု ရပိုင်ခွင့်

ဒီတပတ် Rule of Law ပေါ့ကတ် အပိုင်း ၄ မှာ တင်ဆက်သူလည်းဖြစ် တရားလွှတ်တော်ရှေ့နေတဦးလည်းဖြစ်တဲ့ ကိုဟယ်ရီနဲ့ လာရောက်ဆွေးနွေးသူ ကိုပိုင်သက်တို့က မျှတသောတရားစီရင်မှုအကြောင်းကို ဆွေးနွေးထားပါတယ်။
အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို တချိန်မှာ အကောင်အထည်ဖော်ဆောင်ရမှာဖြစ်ပေမဲ့ တော်လှန်ရေးကာလမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လက်နက်ကိုင်အချင်းချင်းကြား၊ လက်နက်ကိုင်ဆောင်ထားသူနဲ့ ပြည်သူကြား၊ ပြည်သူနဲ့ပြည်သူကြားမှာ ဖြစ်ပေါ်နေမှာမို့ မျှတသောတရားစီရင်ခွင့်နှင့် တရားရေးဆိုင်ရာတာဝန်ယူမှုရှိဖို့ လိုအပ်ပါတယ်။ ဒီလိုချိန်မှာ နယ်မြေတွေကို ထိန်းချုပ်လာနိုင်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် ထူထောင်၊ လည်ပတ်နိုင်တဲ့ တော်လှန်ရးအင်အားစုတွေဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တရားရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်။ တရားစီရင်သူရော တရားစီရင်ခံရသူတွေရောအတွက် ဒါဟာ အရေးကြီးတဲ့ အရာတခု ဖြစ်ပါတယ်။