Season 2 Episode 9 : သတင်းတုသတင်းမှားနှင့် ဆိုက်ဘာလုံခြုံရေး (အပိုင်း ၁)

ဒီတပတ် အဓိကာရလူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၉ မှာတော့ သတင်းတုသတင်းမှားနဲ့ ဆိုက်ဘာလုံခြုံရေးဆိုတဲ့ ခေါင်းစဥ်ကို ဆွေးနွေးဖို့ ရွေးချယ်ထားပါတယ်။ ဒီခေါင်းစဥ်ကို အဓိကာရမှာ လာရောက်ဆွေးနွေးသူကတော့ သတင်းတု၊ သတင်းမှားဆိုင်ရာ လေ့လာသူတဦးဖြစ်တဲ့ နန်း ဖြစ်ပါတယ်။ ဒီနေ့မှာတင်ဆက်တဲ့ ပထမပိုင်းမှာတော့ သတင်းတုသတင်းမှားတွေဟာ မြန်မာနိုင်ငံမှာ ဘယ်လိုပျံ့နှံ့နေလဲ၊ ဘယ်လိုအကြောင်းအရာတွေကို သတင်းတုသတင်းမှားတွေမှာ အဓိက သုံးစွဲနေလဲ၊ မတူကွဲပြားတဲ့ သတင်းတုသတင်းမှား ပုံစံ ဘယ်နှမျိုးရှိသလဲ ဆိုတာတွေကို ဆွေးနွေးထားပါတယ်။

Season 2 Episode 9 : သတင်းတုသတင်းမှားနှင့် ဆိုက်ဘာလုံခြုံရေး (အပိုင်း ၂)

ဒီတပတ်မှာတော့ သတင်းတု သတင်းမှား စောင့်ကြည့်လေ့လာသူ တဦးဖြစ်တဲ့ နန်းနဲ့ ဆွေးနွေးတာရဲ့ ဒုတိယပိုင်းကို ရောက်ရှိလာခဲ့ပါပြီ။ ဒီဒုတိယပိုင်းမှာတော့ တော်လှန်ရေးကာလအတွင်း စစ်အုပ်စုဘက်မှာ ထွက်ပေါ်၊ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေနဲ့ ဒီဘက်တော်လှန်ရေးဘက်မှာ ထွက်ပေါ်နေတဲ့ သတင်းတု သတင်းမှားတွေအကြောင်းကို ဆွေးနွေးထားသလို ပြည်သူလူထုအနေနဲ့ သတင်းတု သတင်းမှားတွေနဲ့ အွန်လိုင်းပေါ်က လိမ်လည်မှုတွေ မခံကြရဖို့ ဘယ်လိုတွေ သတိပြုမူဆောင်ရွက်သင့်တယ်ဆိုတာကို ဆရာမ နန်းက ဆွေးနွေးထားပါတယ်။