လူမှုမီဒီယာကို နားလည်ခြင်း (အပိုင်း ၁)

ဒီတပတ် အဓိကာရလူ့အခွင့်အရေးပေါ့ကတ် Episode 5 မှာတော့ နောက်ထပ်ခေါင်းစဥ်အသစ် တခုကို မိတ်ဆက်ဆွေးနွေးထားပါတယ်။ ဒီတပတ်အတွက်ခေါင်းစဥ်ကတော့ လူမှုမီဒီယာကို နားလည်ခြင်း (Understanding Social Media) ပဲ ဖြစ်ပါတယ်။ ဒီတပတ်မှာ လူမှုမီဒီယာသုတေသီတဦးဖြစ်တဲ့ ကိုကျော်ကြီး (သာကေတ)က လာရောက်ဆွေးနွေးထားပါတယ်။ ဒီတပတ် အပိုင်း ၁ မှာတော့ လူမှုမီဒီယာရဲ့ သဘောသဘာဝတွေက ဘာလဲ၊ သတင်းတုတွေ ထေ့လုံးလှိမ့်လုံးတွေကို မြန်မာနှင့် ကမ္ဘာမှာ လူတွေ ဘယ်လိုတုံ့ပြန်နေကြလဲ၊ ဒစ်ဂျစ်တယ်ကမ္ဘာပေါ်က ကိုယ်ရဲ့ ခြေရာလက်ရာတွေဟာ ဘယ်လောက်အရေးကြီးလဲဆိုတဲ့ အချက်တွေကို ဆွေးနွေးထားပါတယ်။

လူမှုမီဒီယာကို နားလည်ခြင်း (အပိုင်း ၂)

လူမှုမီဒီယာသုတေသီတဦးဖြစ်တဲ့ ကိုကျော်ကြီး (သာကေတ) ကို အဓိကာရက ဖိတ်ခေါ်ပြီး လူမှုမီဒီယာကိုနားလည်ခြင်းဆိုတဲ့ ဆွေးနွေးချက်ရဲ့ နောက်ဆုံးပိုင်းကို ရောက်လာခဲ့ပါပြီ။ ဒီအပိုင်းမှာတော့ လူမှုမီဒီယာပေါ်က လူတွေရဲ့ ဘဝပုံစံဟာ အပြင်လောကက ဘဝပုံစံနဲ့ ဘယ်လိုကွာခြားသလဲ၊ လူမီဒီယာပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို ကိုယ့်အတွက် အကျိုးရှိအောင် ဘယ်လို စားသုံးမလဲဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးထားပါတယ်။ (မှတ်ချက် – ဒီပေါ့ကတ်အပိုင်းမှာ ရင့်သီးတဲ့ စကားလုံးအချို့ သုံးစွဲထားပါတယ်။)