adhi

kāra

Adhikāra is an independent human rights repository devoted to reducing the barriers to human rights knowledge for the people of Burma, especially concerning media access, language restrictions, and conceptual understanding.

Adhikāra (meaning “rights,” “authority,” or “prerogative” in the Sanskrit language despite possible interpretational variations in different beliefs, ideologies, and religions over time) was established by a group of experienced human rights activists in June 2023 in exile after considering an organisation that would necessarily fill the gap in the human rights field by conducting creative ways of enhancing intellectual and conceptual human rights discourse and shrinking different forms of limitations to human rights knowledge access, especially during the interregnum and the Spring Revolution.

4737419

Latest Episodes

ဒီတပတ်မှာ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၄ မှာ ရွေးချယ်ထားတဲ့ “မြန်မာလူမှုအသိုက်အဝန်းကြားထဲမှာ LGBTQI+ တွေအပေါ်ကို အစဉ်တစိုက်လုံးပြောခဲ့တဲ့ အမုန်းစကားများ” ဆိုတဲ့ ခေါင်းစဉ်ရဲ့ ဒုတိယ ပိုင်းကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ လာရောက်ဆွေးနွေးထားသူကတော့ ကွီးယား-ဘားမား Page မှာ စာရေးသူ တဦးဖြစ်တဲ့ ဆရာ အောင်ဇော်မျိုးပဲ ဖြစ်ပါတယ်။ ဒီပေါ့ကတ်ရဲ ဒုတိယပိုင်းမှာ ဆရာအောင်ဇော်မျိုးရဲ့ ဆွေးနွေးချက်တွေထဲက အချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ LGBT တွေကို အမုန်းစကားတွေနဲ့ တိုက်ခိုက်ကြတဲ့ နေရာမှာ မကောင်းတဲ့ အရာတခုခုနဲ့ ဥပမာပေး ခိုင်းနှိုင်းကြတာမျိုး၊ နှိမ့်ကျတဲ့ လုပ်ရပ်တခုခုနဲ့ ခိုင်းနှိုင်းကြတာမျိုးတွေနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေ၊ အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်းမှာဆိုရင် LGBTI တွေနဲ့ ပတ်သပ်ပြီး တွေ့ရတဲ့ ရပ်တည်ချက်၊ လုပ်ရပ်ကိုပဲ ဝေဖန်တာမျိုး မဟုတ်ပဲ လူတယောက်ရဲ လိင်စိတ်ခံယူမှု၊ ဖြစ်တည်မှုကို ပစ်မှတ်ထားပြီး ထိုးနှက်ကြတာမျိုးတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေ အပါအဝင်၊ အမုန်းစကားတွေကို ဘယ်လိုတုံ့ပြန်သင့်တယ် ဆိုတဲ့ အကြံပြုချက်တွေ စတဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
အဓိကာရ ဥပဒေဆိုင်ရာပေါ့ကတ် (Rule of Law) ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတပတ် Rule of Law ပေါ့ကတ်မှာ ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ နိုင်ငံတကာပြစ်မှုဆိုတဲ့ ခေါင်းစဥ်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ကိုဟယ်ရီနဲ့ ပုံမှန်တင်ဆက်သူ ကိုပိုင်သက်တို့က ဆွေးနွေးထားကြပါတယ်။ ဒီနေ့ဆွေးနွေးမှုမှာ စစ်ကောင်စီရဲ့ ပြည်တွင်းမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေအတွင်း လေကြောင်းကနေ အရပ်သားပြည်သူတွေ၊ ယဥ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေရဲ့ နိုင်ငံတကာပြစ်မှုတွေအကြောင်းနဲ့ နိုင်ငံတကာမှာ အလားတူ ရှိခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး တရားမျှတမှု ရရှိရေးကြိုးပမ်းမှုတွေအပေါ် ဆွေးနွေးချက်တွေ ပါဝင်ပါတယ်။